အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဖိလစ်ပိုင်နိုင်ငံမှာ ဖေဖော်ဝါရီလ (၂၁) ရက်က ကျင်းပတဲ့ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR အခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်( The Commission on Human Rights of the Philippines-CHR) နဲ့ Burma Solidarity-Phillippines လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းက ဦးစီးကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားမှာ NUG ဝန်ကြီးက လက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးပမ်းမှု၊ တိုးတက်နေမှုအခြေအနေတွေ၊ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ချိုးဖောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေ၊ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာပြည်သူတွေအပါအဝင် လူနည်းစုတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အာဆီယံနဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ အကြမ်းဖက်စစ်အုပ်စုကို လက်နက်နဲ့ စပ်ဆက်ပစ္စည်းတွေ ထောက်ပံ့ကူညီတာတွေ မပြုလုပ်ဖို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် NUG ဝန်ကြီးက အကြမ်းဖက်စစ်အုပ်စုကို စီးပွားရေးပိတ်ဆို့မှုတွေကို အခုထက်ပိုမိုလုပ်ဆောင်ပေးဖို့၊ အာဆီယံအနေနဲ့ မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကြိုးပမ်းဆောင်ရွက်ဖို့၊ အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုဖို့ အစရှိတဲ့အချက်တွေကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ ရှေ့ပြေးအသံ(Progressive Voice) က ဒေါ်ခင်ဥမ္မာကလည်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရှိ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ သံတမန်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများကနေ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လူပေါင်း ၇၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း BGF ပြော

ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေကနေ  ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ  နိုင်ငံပေါင်း (၂၈) နိုင်ငံက လူပေါင်း ၇၁၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။ 
Read More

ဘန်ကောက်မှာ အသက် ၇၀ အရွယ်အမျိုးသားကို မြန်မာတဦးက ပစ်သတ်မှုဖြစ်ပွား၊ သေနတ်လုရင်း ပစ်ခတ်မိခြင်းဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတဦးဟာ ၎င်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ လုပ်ငန်းခွင်ဆီ ဝင်ရောက်တာကို ပိတ်ပင်ခံရတာကြောင့် အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ‌ဖော်ပြပါတယ်။ 
Read More

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ကွယ်လွန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ထိုင်းဝန်ကြီးချုပ် ခရီးစဥ် ပယ်ဖျက်…

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။