ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ ၅ ယောက်ထက်မနည်း သေပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ Justice Soldier PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ(၈)ရက်​က အောင်ဇေယျစစ်ဆင်ရေးအတွင်း ပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးရာ နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့၊ ရွာသစ်ကုန်းရွာကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းကို နယ်မြေခံပူးပေါင်းတပ်ဖွဲ့ ၊ကျားနဂါး (Southern Eagle)၊ Justice Soldier PDF တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက MA -1 (၁)လက် ၊ ခဲယမ်းတွေနဲ့ နင်းမိုင်းတွေအပါအဝင် မူးယစ်ဆေးဝါးအချို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ Justice Soldier PDF က ထုတ်ပြန်ထားပါတယ်။
အောင်ဇေယျစစ်ကြောင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ ပြည်သူ့စစ်မှုထမ်း (ပသစ) အပတ်စဉ် (၁) သင်တန်းဆင်းတွေ အများအပြားပါဝင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ Justice Soldier PDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်တပ်၏ သာလွန်အင်အားကြောင့် ယာယီဆုတ်ခွာပေးခဲ့ရသည့် ရန်ကင်းတောင်စခန်းကို တော်လှန်ရေးအင်အားစုများ ပြန်လည်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီးက ရန်ကင်းတောင်မှာ တော်လှန်ရေးအင်အားစုတွေ တပ်စွဲနေစဉ် စစ်တပ် စ်ကြောင်းက သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ယာယီဆုတ်ခွာပေးခဲ့ရမယ့် လက်ရှိမှာ ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း  မော်လိုက်တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ 
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး အပါအဝင် ပြည်သူ (၆)ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

Sky Villa တွင် စစ်ကိုင်းငလျင်အပြီး ၄ လခွဲကျော်ကြာမှ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးအပြီး ၄ လခွဲကျော် ကြာချိန်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ရှိ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော် (၄) နှစ်ပြည့်နှင့် စစ်သင်တန်းဆင်း အခမ်းအနား

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားနဲ့ အပတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်က ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။