အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ ၂ ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူအပေါင်း ကြုံတွေ့နေရတဲ့ အထွေထွေကြပ်တည်းမှု၊ ကိုယ်စိတ်မလုံခြုံမှု၊ အဓမ္မ စစ်သားစုဆောင်းခံရမှု၊ ဖိနှိပ်ခံရမှုတွေရဲ့ အဓိကလက်သည်တရားခံမှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လက်ဝေခံတွေကြောင့် ဖြစ်တယ်လို့လည်း အဆိုပါလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တဲ့ တော်လှန်လူငယ်တွေက ဆိုပါတယ်။
အခုလိုအခြေအနေတွေကနေ လွတ်မြောက်ဖို့အတွက် ပြည်သူလူထုအနေ လက်ရှိအခြေအနေမှာ ရင်ဆိုင်နေရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခေါင်းငုံ့ခံမနေဘဲ တော်လှန်ခြင်းနည်းလမ်းနဲ့ တုံ့ပြန်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီရဲ့ အထွေထွေဖိနှိပ်ခံရမှုတွေ အံ့တုတွန်းလှန်ရင်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ် အမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန်ဖို့ကိုလည်း တော်လှန်လူငယ်တွေက သတင်းစကားပါးထားပါသေးတယ်။
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်များအကြား စစ်ကောင်စီက ပေါက်နှင့် စလင်းတွင် လေကြောင်းရော လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၊ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ် ၁ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး လေကြောင်းရန် တိမ်းရှောင်နေရသူ ၈ ထောင်ကျော် ရှိ

နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ကလေးငယ် ၄ဦး အပါအဝင် ၁၁ ဦးကို သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပေါက် ကပစ (၂၄) မှ အကြမ်းဖက်စစ်ကြောင်း ပခုက္ကူဘက် ပြန်ထွက်လာလို့ လမ်းတလျှောက် ကျေးရွာများ ပြန်လည်တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကို ရောက်ရှိခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက စစ်အုပ်စုနဲ့ ကားတန်းဟာ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အဖိုးတန် ဂီတတွေ ချန်ရစ်ကာ နိုင်မြန်မာ နှုတ်ဆက်ခဲ့ပြီ

'ကမ္ဘာမကြေဘူး' သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။