စစ်ကိုင်းတိုင်း မုံရွာမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြား ကာယာဉ် ၇ စီးကို ဖေ‌ဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနဲ့ မြင်းမူမြို့နယ် ဂွေးပင် တောကျေးရွာအကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ပြီး ယာဉ်တန်းအား မြင်းမူမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာကို မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်တပ်ရဲ့ ကင်းပုန်းတွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့ တွေ ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းပေါ်မှာ စစ်သားအများအပြားထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F)၊ စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ (စစ်ကိုင်းခရိုင် ပလဖ)၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မြင်းမူ ပလဖ)၊ စစ်ကိုင်းခရိုင် အမှတ်(၂)တပ်ရင်းနဲ့ စစ်ကိုင်းခရိုင် အမှတ်(၅)တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။
0 Shares:
You May Also Like
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်း၊ စစ်ကြောင်းများကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၅ ဦး သေပြီး ပျူ ၂ ဦး ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ပျူစောထီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝတွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

လယ်ထွန်ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းပျူစခန်းကနေ လယ်ထွန်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပိတ်လှောင်မှုများကြားမှ ကြိုးစားရုန်းထွက်ခဲ့ကြသည့် အဘွားနှင့် မြေး ၂ ယောက် (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ ပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ အဘွားနဲ့ မြေးဖြစ်သူ ၂ယောက် ရုန်းထွက်ပြီး အသက်ရှင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။