ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Lumpinee Stadium မှာ ဩဂုတ်လ ၂၃ ရက်နေ့ ဒီည ၇ နာရီမှာ ကျင်းပမယ့် One ရဲ့ ပွဲစဉ်တွေထဲမှာ မြန်မာကစားသမားတွေဖြစ်တဲ့ ထွန်းမင်းအောင်၊ သန့်ဇင်၊ အဲမွီ၊ သွေးလင်းထက်နဲ့ စိုးသီဟတို့ ပါဝင်လာတာလည်း ဖြစ်ပါတယ်။
ပြည်တွင်းမှာ ရိုးရာလက်ဝှေ့ပွဲတွေ ကျင်းပဖို့ အကန့်အသတ်တွေ၊အခက်အခဲတွေရှိချိန်မှာ ရိုးရာလက်ဝှေ့ကစားသမားတွေဟာ ထိုင်းနိုင်ငံလိုနေရာမျိုးမှာ စျေးကွက်ချဲ့ထွင်ပြီး ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားလာကြခြင်းဖြစ်တယ်လို့ ရိုးရာလက်ဝှေ့ကလောင်ရှင်တွေက ဆိုပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး One Championship ရဲ့ One Friday Fight ပွဲစဉ်တွေမှာ မြန်မာကစားသမားတွေပါဝင်လာတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်သည့် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး နိုင်ငံတကာဥပဒေ လေးစားရန် အာဆီယံ ဥက္ကဋ္ဌ ပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှု နိုင်ငံတကာသတင်းဌာနကြီးတွေမှာ အထူးသတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြကြ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြောင်းဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းကိုပြော

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို ထိုင်းကုန်စည်တွေ တင်သွင်းမှု တင်းကျပ်ထားတဲ့ အာဏာသိမ်းစစ်တပ်က ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၎င်းတို့ကုန်စည်တွေကို ရနောင်းနဲ့ မယ်ဆိုင်နယ်စပ်ဂိတ်တွေကနေ တင်သွင်းဖို့ ပြောဆိုလိုက်ပါတယ်။
Read More

NUG ဝန်ကြီး နှစ်ဦးနှင့် တွေ့ဆုံခဲ့အပြီး  မြန်မာ့အရေး “အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ရေး” လွှတ်တော်တွင် တိုက်တွန်းမည်ဟု ထိုင်းအမတ် ဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့အပြီး၊ ထိုင်းလွှတ်တော်အနေနဲ့ “မြန်မာ့အရေးကို အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ခြင်း” မူဝါဒနဲ့ အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆပ်ဆန်က အောက်တိုဘာလ ၂၀ ရက်မှာ ၎င်းရဲ့လူမှုကွန်ရက်အကောင့်က တဆင့် ပြောဆိုလိုက်ပါတယ်။
Read More

နယ်စပ်လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ ထိုင်းအစိုးရ ပြော

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။