မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၉ ရက်က စပ်စီရွာနဲ့ ပျဉ်းဝကြား ကားလမ်းမပေါ် (သိန်းလေးဆယ်)ကွေ့နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တောင်ပေါ်ဒေသကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ယာဉ်တန်းရဲ့ ရှေ့ပြေးပွိုင့်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးရာနေရာကို အရှိုချင်းကာကွယ်ရေးတပ်က ရှင်းလင်းရေးလုပ်နေချိန် စစ်ကောင်စီစစ်ကူယာဉ်တန်းရောက်ရှိလာပြီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်အင်အားမမျှတဲ့အတွက် ရဲဘော်တွေ ဆုတ်ခွာပေးခဲ့ပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် ကသာခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ ကသာခရိုင်အမှတ် ၂ တပ်ရင်းရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားရာနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပလမြို့ထဲ အကြမ်းဖက်စစ်တပ်ကို ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်သည့် မှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့ထဲမှာ အကြမ်းဖက်စစ်တပ်ကို သြဂုတ်အတွင်း ဒရုန်းစစ်ဆင် ရေးလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသ-၁၊ တနင်္သာရီတိုင်းစစ်ဌာန၊ အမှတ် (၁၈၁၄) တိုင်းဒရုန်းတပ်ဖွဲ့ Dragon Squad - TNI က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုမြို့တောင်ဘက် စစ်တပ် တပ်စွဲရာ ကျေးရွာကို ပကဖများ ဝင်ရောက်တိုက်ခိုက်၊ စစ်သားများ ထိခိုက်သေဆုံးကာ ဆုတ်ခွာထွက်ပြေးပြီး ပကဖရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်က တဂဏန်းရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားတွေ အထိအခိုက်များခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ဆင်ဖြူ ကျွန်းအနီးရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မေမေနေကောင်းလား သီချင်းသီဆိုကာ ဧရာဝတီတိုင်းစစ်ဌာန ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြု (ရုပ်/သံ)

ဧရာဝတီတိုင်းစစ်ဌာနရဲဘော်တွေက ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ် မေမေနေကောင်းလား သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။