ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုအတွက် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သူ့အစိုးရအဖွဲ့ကို ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်က ရွှေဘိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကတ်သလစ် ဘုန်းတော်ကြီး ကိစ္စရပ်ကို  ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၀၇/၂၀၂၅) မှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ဖေဖော်ဝါရီ ၁၄ရက် ညနေပိုင်းက ကံကြီးတောရွာ၊ လုဒ်မယ်တော် သခင်မဘုရားကျောင်းဝန်းအတွင်း တအုံကျေးရွာ ပကထ တိုက်ဂေါဆို​သူ ဦးဆောင်တဲ့ လက်နက်ကိုင် လူတစ်စု ဝင်ရောက်လာပြီး ဘုန်းတော်ကြီးကို ဒူးထောက်ထိုင်စေကာ ဓားနဲ့ ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်သွားသူတွေထဲ ပါဝင်သူတွေအားလုံးကို တရားမျှတမှုရှိစွာ ဖော်ထုတ်နိုင်ဖို့ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းလိုက်တာပါ။

“ရွှေဘိုမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ဘုန်းတော်ကြီး ဖာသာရ် မာတင်ဒေါနယ် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး (၁၇)ရက်နေ့မှာပဲ လက်ရှိစီမံဆောင်ရွက်နေမှုတွေကို လျင်လျင်မြန်မြန် ပြည်သူကိုတင်ပြပေးနိုင်ခဲ့တာ အင်မတန်ကောင်းမွန်ပါကြောင်း၊ ဆက်လက်ပြီးလည်း အမှုမှန် အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ရဲ့ သတင်းအချက်အလက် စီးဆင်းမှု၊ အစီရင်ခံစာပေးပို့မှုစနစ်ကို ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့လိုအပ်ပါတယ်” လို့ မန်းဝင်းခိုင်သန်းက  ဆိုပါတယ်။

ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ် မာတင်(Fr Donald Martin) ဟာ သေဆုံးချိန်မှာ သက်တော် ( ၄၄နှစ်)၊ ဝါတော် (၇)နှစ် ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို ရွှေဘိုမြို့ကတဆင့် ပြင်ဦးလွင်မြို့ကို သယ်ဆောင်ကာ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ စျာပနအခမ်းအနားလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဖာသာရ်ဒေါ်နယ်မာတင်ဟာ ၂၀၁၈ ခုနှစ်မှာ ပြင်ဦးလွင်မြို့မှာ ထာဝရ ရဟန်းသိက္ခာ ခံယူခဲ့သူဖြစ်ပြီးရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာကို ၂၀၁၉ ခုနှစ်အတွင်း ပြောင်းရွှေ့ကာ လုဒ်မယ်တော် သခင်မဘုရားကျောင်းအတွင်း သာသနာပြုခဲ့ကြောင်း၊ ရပ်ရွာနေ ပြည်သူတွေနဲ့ စစ်ဘေးရှောင်၊ မီးဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်မှုတွေကို လုပ်ဆောင်ခဲ့သူလို့ ဒေသခံတွေကြား လူသိများသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အခုလို ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ရှုံ့ချကြောင်းနဲ့ ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနဲ့အညီ စစ်ဆေးဖော်ထုတ်အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆန္ဒပြလူအုပ်ကို ကာကွယ်ပေးကာ အကြမ်းမဖက်ရန် တားဆီးမှုကြောင့် ထောင်ကျခံခဲ့ရသည့် ရေပူဆရာတော် ပျံလွန်တော်မူ

နွေဦးတော်လှန်ရေးအစမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ကာကွယ်ပေးခဲ့တဲ့ မိုးကုတ်မြို့က ရေပူဆရာတော် ဥူးဣန္ဒဟာ နိုဝင်ဘာ ၃ ရက် မနေ့ညက ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပုလဲမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရ… စစ်ရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ NUG ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။