စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးစခန်းက ရဲတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ တောင်သူဦးကြီးများ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလင်းဝင် ရဲတပ်သားဟာ အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ညောင်ကိုင်းရွာ ပျူစောထီးစခန်းကနေ  သေနတ် တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဘောက် နှစ်ခုနဲ့ ကျည်ဆံတွေ ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သားကို တောင်သူဦးကြီးများအဖွဲ့ – PDF က နွေးထွေးစွာကြိုဆိုခဲ့ပြီး လက်နက်ခဲယမ်း ယူဆောင်လာတဲ့အတွက် ဆုချီးမြှင့်ရေးအပြင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်အဆင့်ဆင့်အတိုင်း ဆက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခမရ (၅၅၈) မှ အဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် စစ်သား (၂) ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြောင်းမဲ့ အထိုးခံရတာကြောင့် သွားရောက်တိုင်ကြားသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ သေနတ်ဖောက် ရိုက်နှက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် အကြောင်းမဲ့ ထိုးနှက်ခံရမှုအတွက် သွားရောက်တိုင်ကြားကြရာမှာ ထောင်အာဏာပိုင်တွေက အဲ့လိုတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေနတ်ဖောက်ပြီး ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
Read More

ငဖဲမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို PRA Magway ဝင်ရောက် ဖျက်ဆီး

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်အုပ်စု ယာယီတပ်စွဲထားသည့် နေရာ ၂ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ​၂ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ယာယီတပ်စွဲထားတဲ့ နေရာ ၂ ခုကို လက်နက်ကြီးတွေနဲ့ တ​ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုအဖွဲ့ဝင်၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Phoenix D F သတင်းနှင့် ပြန်ကြားရေး ဂျူပီတာက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ လက်နက်ချခဲ့တဲ့ နန်တိန်းမင် စခန်းသိမ်းတိုက်ပွဲနေ့ကို  ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA သတ်မှတ်

MNDAA က ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက နန်တိန်းမင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ပါတယ်။