တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ (၁၉) ရက် မနေ့က ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃)နယ်မြေအတွင်း တပ်ကြပ်တစ်ယောက်အပါအဝင် တပ်သား(၇) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်ပြီး အလင်းဝင်ရောက်လာတဲ့ တပ်သားအားလုံးဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။  

အလင်းဝင်လာသူတွေဟာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီးနောက် အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ်(၉) အခြေခံ လေ့ကျင့်ရေးကျောင်းနဲ့ အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) စတဲ့ သင်တန်းကျောင်းတွေက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅)နဲ့ (၆) သင်တန်းဆင်းတပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးက MA4 (၁)လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၄၀ မမ ၇ လုံး၊ ကျည် ၁၄၇ တောင့် ယူဆောင်လာပြီး ဒုတပ်စိတ်မှူးကတော့ MA2 (၁)လက်၊ ကျည်ဘောက် ၅ဘောက်၊ ကျည် ၁၆၄ တောင့်၊ လက်ပစ်ဗုံး ၁လုံး ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

တခြားတပ်သားတွေကတော့ MA4 တစ်လက်၊ ကျည် ၁၄၀ တောင့်၊ ကျည်ဘောက် ၅ ဘောက်၊ ၄၀ မမ ဗုံးသီး ၇ လုံး ၊ MA1 ၃ လက်၊ ကျည် ၃၀၅ တောင့် ၊ ကျည်ဘောက် ၆ ဘောက်၊ နင်းမိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ MA3 တစ်လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည် ၇၅ တောင့်၊ လက်ပစ်ဗုံး ၁လုံး၊ နင်းမိုင်း၁လုံး စတာတွေ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင် တပ်သား(၇) ယောက်ဟာ လမ်းကင်းတာဝန်ကျချိန်မှာ လက်နက်တွေ ယူဆောင်အလင်းဝင်ရောက်လာတာဖြစ်ပြီး ဒေါနတပ်ရင်းက ဆုကြေးငွေတွေ ပေးအပ်ကာ နွေးထွေးစွာ ကြိုဆိုထားတယ်လို့ သိရပါတယ်။

“ကျနော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ ၊ မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး၊ အတင်းအဓမ္မ ဖမ်းဆီး ဆွဲခံရပြီး ပါလာကြတာပါ။ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ”လို့ အလင်းဝင်စစ်သားတွေက ပြောပါတယ်။

ဒေါနတပ်ရင်းအနေနဲ့ အလင်းဝင်ရောက်လာသူတွေကို ကောင်းမွန်စွာ လက်ခံထားရှိကာ CDM ပြုလုပ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဘက်တော်သား (၁၈) ယောက် ရှိတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ဇွန်လအတွင်း ဖယ်ခုံမြို့နယ်အစပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ၅ ဦးထက်မနည်း သေဆုံးဟု ဖယ်ခုံ PDF ဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်၊ PNO/PNA ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

စလင်းမြို့အနောက်က စစ်အုပ်စုဂိတ်စခန်းကို အလစ်အငိုက်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံး…

မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရှမ်းရွာကုန်းနဲ့ ဆင်ကျူံးကြား က ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၈ ယောက်သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းလှမြို့နယ်ရှိ မဲရုံနှစ်နေရာကို တော်လှန်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မဲရုံနေရာ ၂ ခုကို  တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။