ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

ကိုအောင်ဇင်မျိုးဆိုသူ အသက်၂၃ နှစ်အရွယ် အမျိုးသားဟာ ထိုင်းအမျိုးသမီးနဲ့ လိင်မှုကိစ္စအတွက် ဘတ် ၁၅၀၀ ဖြင့် ညှိနှိုင်းကာ ဟိုတယ်တစ်ခုတွင် ပျော်ပါးအပြီး အပြန်လမ်းမှာ သတ်ဖြတ်မှုဖြစ်ပွါးခဲ့တာပါ။

နှစ်ဦးမှာ ဆိုင်ကယ်ဖြင့် အိမ်ပြန်လာစဉ်အခင်းဖြစ်နေရာသို့ အရောက်တွင် မြန်မာအမျိုးသားက နောက်တစ်ကြိမ်ပျော်ပါးဖို့ တောင်းဆိုခဲ့စဉ်မှာ အချေအတင်ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

အချေအတင်ဖြစ်ပွါးစဉ် ထိုင်းအမျိုးသမီးက ပါးရိုက်သဖြင့် လည်ပင်း ပြန်ညှစ်ခဲ့ရာ သတိမေ့သွားသည်ဟု ယူဆကာ ထားရစ်ပြီး ဆိုင်ကယ် စီးရန် ပြန်ထွက်လာခဲ့ကြောင်း မြန်မာအမျိုးသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုတယ်လို့ ဖော်ပြထားပါတယ်။

ဖြတ်သန်းသွားလာသော ထိုင်းတက္ကစီသမားတစ်ဦးက ဆိုင်ကယ်ဘေးမှာလဲကျနေတဲ့ ကိုအောင်ဇင်မျိုးကိုမြင်တွေ့ရာ အရက်မူးပြီး ထိခိုက်ထားတယ်လို့ ယူဆရတာကြောင့် ဆေးရုံသို့ပို့ဆောင်ရန်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးသမားများ ရောက်လာပြီးနောက် ကိုအောင်ဇင်မျိုး၏ ဆိုင်ကယ်သော့ ပျောက်နေတာကြောင့် အနီးအနားတွင် လိုက်ရှာကြရာ လမ်းဘေးချုံတောထဲက အသက် ၄၄ နှစ်အရွယ် ထိုင်းအမျိုးသမီးအလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးအလောင်းမှာ အပြန်အလှန်သတ်ပုတ်ထားတဲ့ ဒဏ်ရာဒဏ်ချက်များကို တွေ့ရှိရပြီး အမှုမှန်ကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

မူရင်းသတင်း – Burmese man kills Thai woman for refusing sex for second time

0 Shares:
You May Also Like
Read More

PTTEP အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရပ်တန့်ဖို့ JFM တောင်းဆို

ထိုင်းနိုင်ငံ ရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲကို အာဆီယံ အသိအမှတ်မပြုဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ပြော

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ အသိအမှတ်မပြုဘူးလို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

ကမ္ဘာလုံးဆိုင်ရာ All in One Piece Movement တွင် ပါဝင်သူများကို ကျေးဇူတင်ကြောင်း ကိုထိန်လင်းပြော

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All in One Piece Movement မှာ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်မည်ဟု ဆို

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ငလျင်ဘေးနဲ့ ရင်ဆိုင်နေရချိန် ပြည်သူကိုအကြမ်းဖက်တိုက်ခိုကိနေလို့ ပြတ်သားစွာ အရေးယူပေးဖို့ ကုလကို တောင်းဆို

သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြတ်သားစွာအရေးယူပေးဖို့ ကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်တောင်းဆိုလိုက်ပါတယ်။