မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကောက်ယူရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲရာက အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက ကျိုက်မရောမြို့နယ်၊ ပေါက်တောကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ မိသားစုဟာ ကောက်ယူရရှိတဲ့ စစ်‌ကောင်စီထုတ် မိုင်း (၂) လုံးထဲက တစ်လုံးကို ထုခွဲခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်‌ကောင်စီရဲ့ အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံက ထုတ်လုပ်ပြီး ခမရ (၂၀၈) က ထောင်ထားတဲ့မိုင်း ဖြစ်နိုင်ချေရှိတဲ့ အဆိုပါမိုင်း ပေါက်ကွဲမှုကြောင့် အရပ်သား (၂) ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကာ ၂ ယောက်ကတော့ ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူး လို့ MLA က ဆိုပါတယ်။

မပေါက်ကွဲဘဲ ကျန်နေတဲ့ မိုင်းတစ်လုံးကတော့ အန္တရာယ်ရှိဆဲ အခြေအနေဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ၊ အကျန်ပစ္စည်းတွေ၊ စစ်လက်နက်နဲ့ သက်ဆိုင်တဲ့အရာတွေကို ထိတွေ့ကိုင်ဆောင် ဆော့ကစားခြင်း မပြုဖို့နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အကူအညီတောင်းပြီး ရှင်းလင်းပေးဖို့ အကြောင်းကြားနိုင်တယ်လို့ MLA က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းနှင့် စစ်ကိုင်း စစ်မျက်နှာများတွင် စစ်တပ်ကို အဆင့်မြင့်နည်းပညာသုံး ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် AIF Myanmar 

အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်းစခန်းနဲ့ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး (AIF Myanmar) က မနေ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရေနံချောင်းမှာ ၁၈ ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်း ၂ ခါဆွဲခံရပြီး ၇ ယောက် သေဆုံး…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေးမြို့နယ် ၃ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

အကြမ်းဖက်တဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်ဘူးဟု စစ်ရှုံးနေသည့် အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင် အကြမ်းဖက်ပြီး တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဝေါ်လေဒေသ စစ်ကောင်စီတပ် ဥကရစ်ထစခန်း၏ ကာကင်းစခန်း (ရွှေအေးမြိုင်တပ်စခန်း) ကို KNU တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ် ၊ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်ရောက်ရှိနေသည့် ပဲခူးတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲဆွယ်ဖို့ ရောက်ရှိနေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။