အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူထုကို ဦးဆောင်နေတဲ့ ချင်းတော်လှန်ရေးတပ်တွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

ပြည်သူ့နွေဦးတော်လှန်ရေးမှာ ချင်းတိုင်းရင်းသားတွေအတွက် ဦးဆောင်ဦးရွက်ပြုနေတဲ့ ချင်းတော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်ကြီးတွေအနေနဲ့ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကာ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖော်ပြထားပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကစလို့ စစ်အာဏာရှင်အဆက်ဆက်ကို တိုက်ပွဲဝင် တော်လှန်ရင်း လက်ရှိ နွေဦးတော်လှန်ရေးကာလအထိ ကျဆုံးသွားခဲ့ရတဲ့ ချင်းအမျိုးသား ခေါင်းဆောင်တွေ၊ ချင်းသူရဲကောင်းအာဇာနည်တွေနဲ့ ချင်းပြည်သူလူထုအပေါင်းရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အလေးအမြတ် ဂါရဝထား ဦးညွှတ်တယ်လို့ ဆိုပါတယ်။

နယ်ချဲ့အစိုးရနဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ပင်လုံစာချုပ်ချုပ်ဆိုတဲ့သမိုင်းနဲ့ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို အတူပူးပေါင်း တိုက်ပွဲဝင်နေတဲ့ ချင်းအမျိုးသားခေါင်းဆောင်တွေနဲ့ ချင်းမဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့အသီးသီးကို ဂုဏ်ယူစွာ ကမ္ဗည်းမှတ်တမ်းတင်ထားမယ်လို့လည်း NUG က ဖော်ပြထားပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ မပြီးဆုံးသေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့မှာလည်း မဟာမိတ် ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေ၊ ချင်းပြည်သူလူထုနဲ့ အတူတကွ ဆက်လက် လက်တွဲ ဆောင်ရွက်သွားမယ်လို့ ခိုင်ခိုင်မာမာ ကတိကဝတ်ပြုကြောင်း NUG က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းခရိုင် တပ်ရင်း ၃ မှ ကျဆုံးရဲဘော် ၂ ဦး၏ ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃ က ရဲဘော် ဆန်းသစ်နဲ့ ရဲဘော် ကြေးမှုံတို့ဟာ ဇူလိုင်လ ၁၀ ရက်က စစ်ကိုင်းမြို့နယ်၊ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တာရာ ကျဆုံးရဲဘော် ၂ ယောက်ကို ရည်စူးပြီး ဆွမ်းကပ် တရားနာ ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခရမ်းနဲ့ ကဝ နယ်ချင်းစပ်နေရာက ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ

ရန်ကုန်တိုင်း ခရမ်းမြို့နယ်နဲ့ ပဲခူးတိုင်း ကဝမြို့နယ် ထိစပ်နေတဲ့ နေရာတွေမှာ ကျေးရွာနေပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉ ဦးကို အမည်နှင့်တကွ အတည်ပြုထားဟု AAPP ထုတ်ပြန်၊ အတည်မပြုရသေးသည့် သေဆုံးသူအရပ်သား ၁၃ ဦး ရှိဟု ဆို

နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မြေပြင်မှာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ စိုးမိုးနယ်မြေတွေ ကျယ်ဝန်းလာပြီဟု NUG ယာယီသမ္မတ ပြောကြား နှစ် ၇၀ ကျော် အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းဖို့ တော်ရုံ ဇွဲသတ္တိ၊ အားထုတ်မှုမျိုးနှင့် မရနိုင်ကြောင်း ယာယီသမ္မတ သတိပေး

မြန်မာနိုင်ငံတစ်ဝန်း လက်ရှိအချိန်မှာ တော်လှန်ရေးတပ်တွေရဲ့ မြေပြင်စိုးမိုးနိုင်မှုဟာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။