မန္တလေးမြို့ကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်နဲ့ အက်စစ်တင်ယာဉ် ၅၁ စီး ကို ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်သယံဇာတတွေကို ထုတ်ယူဖို့ ပြုလုပ်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာ ခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ (ဗိုလ်နိုင်-လေပွေမုန်တိုင်း) နဲ့အတူ လျှပ်စီး တပ်ခွဲ (အမှတ်၁၂တပ်ရင်း တပ်ခွဲ၃)၊ eleven people’s defence force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ ရုပ်/သံ ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက ဟောင်ဝှစ်ဇာအမြောက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက  ဟောင်ဝှစ်ဇာအမြောက် ၁ လက်ကို KNU လက်အောက်ခံ KNLA တပ်မဟာ(၅) က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ သားတစ်ဦးအနေနဲ့ စစ်အုပ်စုကို တောင်းဆို

''ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ သူတို့ကို တောင်းဆိုခဲ့ပါတယ်။ကျွန်တော့် မေမေ နဲ့ စကားပြောခွင့်ပေးပါ။ ကျွန်တော့်ဟာ မေမေ့ရဲ့ သားတစ်ယောက် ဖြစ်တယ်။သားတစ်ယောက်ရဲ့အခွင့်အရေးကို ပေးပါ။ လူ့ဂုဏ်သိက္ခာကို အနည်းငယ်လေး ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ကျွန်တော် ဒီလိုတောင်းဆိုတာကို သူတို့ဘက်က ဘာမှ ပြန်မပြောလာပါဘူး။ဒါကြောင့် ကျွန်တော် အခုလို နေရာအနှံ့သွားပြီး ပြောဆိုနေပါတယ်။နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ သားတစ်ယောက်အနေနဲ့ ပြောရတာပါ''
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မတော်တဆမှု ပုံတောင် TIGER PDF ထုတ်ပြန် (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မော်‌တာစွမ်းရည်ကျဆင်းပြီး မတော်တဆဖြစ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပုံတောင် Tiger PDF က ထုတ်ပြန်ပြ သလိုက်ပါတယ်။
Read More

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်နိုင်ဖို့ Black Panther Column မှ တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးနဲ့ ချေမှုန်းရေးတပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ ဟိုတယ်နဲ့ Night Club မှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်ရောက်တပ်စွဲထားကြောင်း သတင်းရရှိတဲ့ အတွက် ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက် ခိုက်ခဲ့တယ်လို့ Youth Guerrilla Counter Revolution - NZ တပ်ဖွဲ့ထံက သိရပါတယ်။