မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ရာ ၆ ယောက်ထက်မနည်း သေပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၈၈ လက်အောက်ခံ ထုတ်နုတ်အင်အားတွေနဲ့ ပျူစောထီးတွေ ပါဝင်ပြီး ဗိုလ်မှူးအောင်ဇော်ဖြိုး ဦးဆောင်တဲ့ အင်အား ၉၀ ခန့်ရှိ စစ်ကြောင်းဟာ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းကို ဖေဖော်ဝါရီလ ၁၀ ရက်ကစလို့ ၇ ရက်ကြာ စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကိုးပင်-သာဂရလမ်းပိုင်းပေါ်ရှိ ကိုးပင်ကျေးရွာက စတင်ပြီး ဘန်းကုန်းကျေးရွာအထိ နယ်မြေရှင်းလင်းဖို့ ကြိုးစားခဲ့ရာ ဝါးစိမြောင်ကျေးရွာနဲ့ ကြက်မွေးနှုတ်ကျေးရွာအကြားမှာတော့ တော်လှန်ရေးတပ်တွေက ပဒေသာမိုင်းနှစ်တွဲအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ထက်မနည်း သေဆုံးပြီး (၁၀) ယောက်ကျော် ဒဏ်ရာရရှိသွားကာ ဆင်ပေါင်ဝဲမြို့ဘက် တပ်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင် တပ်ရင်း ၁ က ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်တွေဟာ အဲ့ဒီနေရာအနီးဝန်းကျင်က ပြည်သူပိုင်နေအိမ်နှစ်လုံးနဲ့ တဲနှစ်လုံးကို စက်လက်တွေ ၄၀ မမ ဗုံးသီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် (၁)တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)နဲ့ နေပြည်တော်တပ်ရင်း (၈၀၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နယူးယောက်မြို့ ရောင်နီ ဖျော်ဖြေပွဲ အမေရိကန်ဒေါ်လာ ၁သိန်းခွဲကျော်ရရှိ၊ ကျင်းပပြီးသည့် ရောင်နီ ၇ ပွဲမှ စုစုပေါင်း ကန်ဒေါ်လာ ၅၇၀,၀၀၀ ခန့် ရရှိခဲ့

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁၅၀,၅၀၆.၀၃ ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်ကို ချင်းပြည်ကောင်စီက လေးမြတ်စွာ ဂုဏ်ပြုတယ်လို့ ထုတ်ပြန်

ချင်းညီနောင် နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေ မှာ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ်  လေးမြတ်စွာဂုဏ်ပြုတယ်လို့ ချင်းပြည်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ စကားဝိုင်းပြုလုပ်မယ်

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံတွေကို NUG အစိုးရအဖွဲ့ဝင်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေက စကားဝိုင်းပြုလုပ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Read More

တက္ကစီမောင်းသူလည်းဖြစ် Food Vlogger လည်းဖြစ်တဲ့ ကျော်ဝဏ္ဏ အသတ်ခံရ

အစားအသောက်နဲ့ ပတ်သက်တဲ့ Vlog တွေ ရိုက်ကူးသလို တက္ကစီမောင်းတဲ့အလုပ်လည်း လုပ်ကိုင်တဲ့ ကျော်ဝဏ္ဏဟာ ကားဆွဲရင်း အသတ်ခံခဲ့ရကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

တိုင်း ၃ ခုဆုံရာကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး အယောက် ၇၀ ကျော် ထိခိုက်သေဆုံးထား

" အဲ့ဒီနေ့က စခန်းနေ ရဲဘော်တွေ ရှေ့စစ်ကြောင်းထွက်နေချိန် နောက်ကနေ ခွေးစစ်ကြောင်းပတ်ထိုးတာနဲ့ ကြုံခဲ့ရတာပါ။ စခန်းမှာလည်း စခန်းစောင့် ရဲဘော်နဲ့ ရဲမေအချို့ ပဲ ကျန်ခဲ့တာ။ သူတို့တော့ လွတ်ပါတယ်။ လက်နက် ဆုံးရှုံးမှု၊ ရဲဘော် ဆုံးရှုံးမှု မရှိပေမယ့် မိုးတွင်းရိက္ခာ စုဆောင်းထားတာတွေရယ် ဘတ္ထရီအိုး ဆိုလာပြားတွေကတော့ မီးရှို့ခံခဲ့ရပါတယ်။" လို့ နေပြည်တော် PDF တပ်ရင်း၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။