ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က KIA ပူးပေါင်း တပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တဲ့ အမတ ၃၆၆ တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ​လက်အောက်ခံတပ်တွေကိုလည်း အပြီးသတ် ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပြီး အမတ ၃၆၆ ကိုပါ မနေ့က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စကခ ၂၁ တပ်ရင်းဌာနချုပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဟာ နှစ်လခွဲကျော်အတွင်းမှာတော့ စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ လေယာဉ်ကွင်း၊ ခလရ(၂၃၆)၊ တင့်ကားတပ်ရင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စကခ ၂၁ ၊  ခလရ ၄၇ ၊ လေ့ကျင့်ရေးတပ်နဲ့ ဒုံးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်တွေ ကျန်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ဗန်းမော်မြို့ မကျရေးအတွက် တိုက်လေယာဉ်၊ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြု ခုခံနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့ “ မြေပြင်လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့”ခေါင်းစဉ်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အပါအဝင် မြေပြင်လူထုသပိတ်တိုက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဉ်းများ အားလုံး အမြန်ဆုံးလွှတ်ပေးရေး လွှတ်တော်ကိုယ်စားပြုကော်မတီများ တောင်းဆို

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ဒီနေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

မောင်တောမှာ AA မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇွန်လနှင့် ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၀၃) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လနဲ့ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ​ကြောင့် အရပ်သားပြည်သူ (၁၀၃) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။