ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia – Siyin က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်က တီးတိန်မြို့အခြေစိုက် (၂၆၉)တပ်ရင်းက ရဲတပ်သား ၂ ယောက်ဟာ ကျနော်တို့ CDF CDM SIYIN တပ်ဖွဲ့ဆီ ခဲယမ်းတချို့နဲ့ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ ရဲတပ်သား ၂ ယောက်ကို ထိုက်တန်စွာ ချီးမြှင့်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်အတွင်းကနေ အလင်းဝင်ရောက်ချင်တဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ CDF CDM SIYIN ရဲ့ စစ်ဦးစီးချုပ် (ဖုန်းနံပါတ်- ၀၉၉၅၄၆၃၄၅၁၃) ကို ဆက်သွယ်နိုင်တယ်လို့လည်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လိုသူတွေဟာ မြို့တွင်းမှာဖြစ်ဖြစ်၊ ဘယ်လိုနေရာမှာပဲ ရောက်နေပါစေ သွားရောက်ကြိုဆိုပေးမှာဖြစ်ပြီး သွားလိုတဲ့နေရာ၊ လုပ်လိုတဲ့ အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျ စီမံဆောင်ရွက်ပေးကာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပေးမယ်လို့ CDF CDM SIYIN က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄)  နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားတွေကို CDF - Daai ရဲ့ ဗဟိုဌာနချုပ်နဲ့ တပ်ရင်းအခြေစိုက်ရာ တပ်စခန်းအသီးသီးမှာ စက်တင်ဘာလ ၂၁ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတကာပိတ်ပင်ထား‌သော ကလက်စတာ ဆင့်ကဲဗုံးများဖြင့် ရခိုင်ကျေးရွာများကို အကြမ်းဖက်စစ်တပ် ဆက်တိုက်ဗုံးကြဲ

ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မြောက်ဦးက ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်၊အကြမ်းဖက်စစ်တပ်က ဒေသခံတွေနေထိုင်တဲ့ အခြားရခိုင်ကျေးရွာတွေကို နိုင်ငံတကာကသုံးစွဲခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲဗုံး (cluster) ဗုံးတွေနဲ့ပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။