တနင်္သာရီတိုင်း  ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုး လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ တဆက်ထဲမှာပဲ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားအများအပြားသေဆုံးကာ၊ ဒရုန်း ၂ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ဘုတ်ပြင်းမြို့နယ်အတွင်းကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုး လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ထောင်စုံမဟက်ကျေး ရွာအုပ်စု ဘိုဒါးကျေးရွာအနီး အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲအရောက် မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဘုတ်ပြင်းတပ်ဆေးရံသို့ ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းကလည်း အဲဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင် ထောင်ငါးသိုင်းကျေးရွာ ချောင်းမွန်ကျေးရွာရှိ အာရ်ဇီးရိုးနေရာအရောက်မှာ အဝေးထိန်းမိုင်းဖောက်ခွဲပြီး ၄၀ မမ ဗုံးပစ်လောင်ချာ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။  စစ်ကောင်စီတပ်ဖက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ကင်းထောက်ယာဉ်ဒရုန်း ၁ စီးကို တော်လှန်ရေးရဲဘော်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က နေ့လယ်ပိုင်းမှာလည်း ချောင်းမွန်ကျေးရွာအနီး အာဇီးရိုးနေရာသို့ ထပ်မံ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ နှစ်ဘက်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဗုံးသီးချိတ်ဆွဲထားတဲ့ ဒရုန်း ၁ စီးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို KNLA အမှတ်(၂၀၃)တပ်ရင်းမှ အမှတ် (၂) တပ်ခွဲ၊ အမှတ် (၃) တပ်ခွဲ၊ KNU ပြည်သူ့စစ်အဖွဲ့၊ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(Flying Star Foce)နဲ့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဆည်ကန်ရွာ အနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ စစ်သားတွေကို လက်လုပ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျောက်ဆည်ကန်ရွာအနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက လက်လုပ် ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် သံဇလုံဂိတ်တိုက်ပွဲတွင် ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံးခဲ့ရ တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လမ်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက် နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက လမ်း ပိုင်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

Taw Twin Tup Pee Local PDF အခြေခံစစ်ပညာရက်တိုသင်တန်းအပတ်စဉ် ၁၃ အောင်မြင်စွာ ပြီးစီး (ရုပ်/သံ)

Taw Twin Tup Pee Local PDF က အခြေခံစစ်ပညာ ရက်တိုသင်တန်း အပတ်စဉ် (၁၃) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစခန်းကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။
Read More

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။