စစ်ကိုင်းတိုင်း ကန့်ဘလူ ပလဖ အချုပ်စခန်းက လိင်အကြမ်းဖက်မှု ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ နစ်နာသူတွေ တရားမျှတမှုရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ပလဖအချုပ်စခန်း-၂ (C2) မှာ ဖမ်းဆီးထားတဲ့အချုပ်သူတွေကို ပအဖ၊ ပလဖအဖွဲ့ဝင်တွေရဲ့ လိင်အကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီး ဦးကျော်ဇော်က ပြန်လည်ဖြေရှင်း ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ် မှာ ဦးကျော်ဇော်က ကန့်ဘလူအချုပ်ခန်း ဖြစ်စဉ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနက အွန်လိုင်းမှတဆင့် ကနဦး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး NUG ရဲ့ ရဲချုပ်မှ ဦးဆောင်ကာ မြေပြင်စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ပလဖအချုပ်စခန်း-၂(C2) မှာ ဖမ်းဆီးထားတဲ့အချုပ်သူတွေကို ပအဖ၊ ပလဖအဖွဲ့ဝင်တွေက အချုပ်သူအချို့ကို လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တာကြောင့် ကာယကံရှင်တွေက အမှုဖွင့်ကာ အဆင့်ဆင့်တိုင်ကြားမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ကျူးလွန်သူတွေကို လက်ရှိအချိန်အထိ ပြစ်မှုပြစ်ဒဏ်တွေ အသီးသီး မချမှတ်နိုင်သေးတာဖြစ်ပါတယ်။



လိင်အကြမ်းဖက်မှု ခံခဲ့ရတဲ့ ကာယကံရှင်အမျိုးသမီး(၂)ဦးဟာ ၂၀၂၅၊ ဇန်နဝါရီ ၁ရက်မှာ ထပ်မံပြီး အမှုဖွင့်တိုင်ကြားထားပေမယ့် လက်ရှိအချိန်အထိ သံသယရှိသူတွေဖြစ်တဲ့ NUG လက်အောက်ခံ ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးလုပ်ဆောင်ခြင်းမရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းအချို့က ထောက်ပြဝေဖန်ထားပါတယ်။

ကန့်ဘလူမြို့နယ်မှာ C2 မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ Non-CDM ကျောင်းသူတစ်ဦးကို ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ခေါင်း‌ဆောင် မဲခေါင်(ခ) မြင့်ဇော်ဦးက အလိုမတူဘဲအသက် ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခဲ့သလို အဲ့ဒီအချုပ်ခန်းမှာပဲ နောက်ထပ်အချုပ်သူတစ်ဦးကိုလည်း စခန်းမှူးအဖြစ် တာဝန်ယူထားသူ ရဲရင့်(ခ)လင်းယုန်ဆိုသူက လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တယ်လို့ နစ်နာသူတွေက အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အဲဒီ့အမှုတွေဟာ ၂နှစ်နီးပါးကြာတဲ့အထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးလို့ အဆင့်ဆင့်တိုင်ကြားမှုတွေ ပြုလုပ်ထားပြီး NUG ဘက်ကတစ်စုံတစ်ရာ အရေးယူထားနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရွှေဘိုမှာ ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဘေးအတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများမှ ရရှိထား‌သော လှူဒါန်းငွေ ကန်ဒေါ်လာ ၅၅ သန်းကျော်ကို စစ်အသုံးစရိတ် ဖြစ်မသွားစေရန် JFM သတိပေး

မြန်မာစစ်တပ်က ငလျင်ဘေးအတွက် လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ သန်းရရှိထားတာကြောင့်၊ အဆိုပါ‌ငွေကြေးများကို လူထုအပေါ် ကျူးလွန်နေတဲ့ စစ်အသုံးစရိတ် မဖြစ်သွားစေဖို့ Justice for Myanmar (JFM) အဖွဲ့က သတိပေးလိုက်ပါတယ်။
Read More

မူးရူးသောက်စားနေသည့် စစ်အုပ်စုဂိတ်စခန်းကို MBT နှင့် ပူးပေါင်းတပ်များ အနီးကပ်ဝင်ပစ်၊ စစ်အုပ်စုဘက်က ၁၄ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သောက်စားမူးယစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း Myingyan Black Tiger (MBT)  ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိုနှိုင်းရေးကသာ အဖြေဖြစ်တယ်လို့ မင်းအောင်လှိုင် အကြိမ်ကြိမ် ပြောဆိုနေ

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးမှာ ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ဆွေးနွေးတွေ့ဆုံ ညှိုနှိုင်းရေးကသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တောင်သာတွင် တပ်မ ၉၉ စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ၊ လက်နက်ချရန် ကြိုးစားသူများကိုလည်း စစ်တပ်က အချင်းချင်း ပြန်ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ တပ်မ ၉၉ စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်ချဖို့ ကြိုးစားသူတွေကိုလည်း စစ်တပ်က အချင်းချင်း ပြန်လည်ပစ်သတ်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။