ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၂၁ အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။

KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၂၁) တပ်ရင်းစခန်းကို ဖေဖော်ဝါရီ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက်ထိ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိထားပြီး အမြောက်တပ် ၃၆၆ တပ်ရင်း ၊ ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဥ်၊ ဒရုန်းတွေအပြင် လက်နက်ကြီးတွေ အဆက်မပြတ် အသုံးပြုကာ ခုခံတိုက်ခိုက်နေတယ်လို့ KIA က ဆိုပါတယ်။

စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ အင်းတော်မြို့နယ်မှာလည်း ဇန်နဝါရီ ၂၇ ရက်ကစလို့ KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

အင်းတော်မြို့က နယ်မြေအများစုကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်ကလည်း အင်းတော်မြို့နယ်နေရာအချို့ကို လေယာဉ်၊ ဒရုန်းတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေသလို တော်လှန်ရေးတပ်တွေကလည်း အင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးစားနေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

ညီနောင်မဟာမိတ် ၃ ဖွဲ့ ငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလ ၁ လ ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ ပုလော PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အဆိုပါပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) - မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။
Read More

ဒေါနစစ်ကြောင်း၏ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို အရင် NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။