စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း လူငယ်လူရွယ်တွေကို ၎င်းတို့ရဲ့သဘောဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မ စုဆောင်းမှုဟာ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) အထိရောက်ရှိလာတာဖြစ်ပါတယ်။

နေပြည်တော်အပါအဝင် တိုင်းစစ်ဌာနချုပ် ၆ ခုမှာ စတင်လိုက်တဲ့စစ်မှုထမ်း အပတ်စဥ် (၁၀)သင်တန်းမှာလည်း တစ်ဦးချင်းစီရဲ့ သဘောဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မစုဆောင်းခံရသူ လူငယ်လူရွယ်အများစု ပါဝင်လာခြင်း ဖြစ်ပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူဦးရေအယောက် (၅၀၀၀) ခေါ်ယူမယ်လို့ ကနဦး ပြောကြားထားပေမယ့် အပတ်စဉ်(၅) နောက်ပိုင်းမှစတင်ကာ သတ်မှတ်ထားတဲ့ အရေအတွက်မပြည့်မှီဘဲ စစ်သင်တန်းတွေက စတင်နေရတယ်လို့ CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီအရာရှိတွေက ပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ်တိုင်း စစ်ကောင်စီဟာ လူအင်အား အများဆုံး ၄၀၀၀ လောက်အထိသာ စုဆောင်းနိုင်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့ အစီရင်ခံစာအချို့မှာလည်း ဖော်ပြထားပါတယ်။

တပ်သားသစ် စုဆောင်းခံရသူတချို့ကတော့ စစ်ကောင်စီ စေလွှတ်တဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ မြေပြင်မှာ အသီးသီးခိုလှုံမှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် မေလမှာ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ရာ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ စာရင်းတွေအရ အရပ်သားပြည်သူ ၁၂,၆၅၅ ယောက်ကို သူတို့ရဲ့ သဘောဆန္ဒမပါဘဲ စစ်တပ်က ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့တယ်လို့ SRD ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

အပတ်စဉ်တစ်ခုကို နိုင်ငံတစ်ဝန်းက စစ်ကောင်စီတပ်သားသစ် ၅၀၀၀ အထိ စုဆောင်းကာ လက်ရှိ အပတ်စဉ်(၁၀) အထိ စစ်မှုထမ်းအင်အား ၄၅၀၀၀ အထိ အဓမ္မစုဆောင်းထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီး ၄နှစ်တာအတွင်း စစ်ကောင်စီရဲ့ စစ်သည်အင်အား သောင်းဂဏန်းထက်မနည်း သေဆုံးသွားခဲ့ပေမယ့် စစ်မှုထမ်းဥပဒေ အပတ်စဉ် (၁၀) အထိ ပြန်လည်စုဆောင်းထားနိုင်မှုက အယောက် ၄၅၀၀၀ အထိရှိတာကြောင့် စစ်တပ်ဟာ ဆုံးရှုံးသွားတဲ့ စစ်အင်အားကို ပြန်လည်စုဆောင်း ထားနိုင်ပြီဖြစ်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

နယူးယောက်မြို့ ရောင်နီ ဖျော်ဖြေပွဲ အမေရိကန်ဒေါ်လာ ၁သိန်းခွဲကျော်ရရှိ၊ ကျင်းပပြီးသည့် ရောင်နီ ၇ ပွဲမှ စုစုပေါင်း ကန်ဒေါ်လာ ၅၇၀,၀၀၀ ခန့် ရရှိခဲ့

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁၅၀,၅၀၆.၀၃ ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

မင်းလှတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အငြိမ်းစား ကျောင်းဆရာမကြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငြိမ်းချမ်းရေးလမ်းစဥ် အကြိမ်ကြိမ် သွားခဲ့ဖူးပေမယ့် နောက်ဆုံးမှာ ကိုယ့်အခွင့်အရေး ကိုယ်ရဖို့ လက်နက်ကိုင် တိုက်ယူရကြောင်း KNLA ဒုတိယစစ်ဦးစီးချုပ် ပြော စစ်တိုက်တာ မကြိုက်ပေမယ့် တခြားနည်းလမ်း မရှိဘူးဟုဆို

“ကျနော်တို့လူမျိုးရဲ့ အခွင့်အရေးကို သွေး၊ ချွေး၊ အသက်နဲ့ရင်းပြီးတော့ တိုက်ယူရတယ်။ တခြားနည်းလမ်း မရှိဘူး။ ဆိုလိုတာက ကျနော်တို့ စစ်တိုက်တာကို ကြိုက်လို့မဟုတ်ဘူး။ စစ်သားအနေနဲ့ စစ်တိုက်တာ ကြိုက်လို့တော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလမ်းစဥ်ကို ကျနော်တို့ အကြိမ်ကြိမ် သွားခဲ့ဖူးပြီးပြီ။ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ ကျနော်တို့ရဲ့ တပ်ကို ထူထောင်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီး တိုက်ယူရတာဖြစ်တယ်။”
Read More

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား 

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။