တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။

ညောင်ပင်ကွင်းရွာ (အရှေ့ကမ်း)ကို ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၂ကြိမ် ရဟတ်ယာဥ်နဲ့ ၂ ကြိမ် စုစုပေါင်း ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ညောင်ပင်ကွင်းရွာ (အရှေ့ကမ်း) မှာ နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှူအတွင်း ပြည်သူတွေ ထိခိုက်မှု မသိရှိရသေးသလို ဒီနေ့မနက်ပိုင်းအထိ နေအိမ်အဆောက်အအုံတွေက မီးတွေကို မငြှိမ်းသတ်နိုင်သေးဘဲ ဆက်လက် လောင်ကျွမ်းပျက်စီးနေဆဲဖြစ်တယ်လို့ မြို့နယ် ပကဖ ဇုန် ၃ က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာနေ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ညောင်ပင်ကွင်းရွာ မီးလောင်မှုမြင်ကွင်း (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ဖားကန့်တိုက်ပွဲ ပစ်ခတ်မှုများအတွင်း ဒေသခံ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်မ ၄၄ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရ၊ ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ နောက်တန်း ခေတ္တပြန်နားတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ချောင်းဦးဆီမီးသပိတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ ချောင်းဦး ဆီမီးသပိတ် ပြုလုပ်ရင်း သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

ပြည်သူ ၅ ဦး သေဆုံးခဲ့သည့် ကျုံဒိုးမြို့၊ ပိုင်ရပ်ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာက ပိတ်ပင်ထားသည့် Cluster ဗုံးအမျိုးအစား စစ်ကောင်စီ အသုံးပြုခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ပိုင်ရပ်ကျေးရွာမှာ မူလတန်း ကလေးငယ် ၃ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ Cluster ဗုံးအမျိုးအစားကို အသုံးပြုခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။