ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ (Global Democracy Trends) ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေးကို အားပေးမယ့် မဟာမိတ်တွေ၊ မိတ်ဆွေတွေ လိုအပ်တဲ့အတွက် ဒီနေ့ မြူးနစ် လုံခြုံရေးညီလာခံကို တက်ရောက်တာဖြစ်တယ်” လို့ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာတဝန်း ဒီမိုကရေစီဦးတည်ရာများ (Global Democracy Trends) ဆွေးနွေးပွဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် Senator Christopher A.Coons၊ ဂါနာ လွှတ်တော်အမတ်် Zanetor Agyeman-Rawlings၊ ပိုလန် လွှတ်တော်အမတ်Aleksandra Uznańska-Wiśniewska တို့ ပါဝင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖူးခက်တွင် မြန်မာအမျိုးသားတဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်က ပတောင်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးသွားခဲ့ပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရပိုင်မြေများကို မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထားကာ အွန်လိုင်းမှ ရောင်းချမှုများ ပြုလုပ်နေ

မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူတွေကို ပစ်မှတ်ထားပြီး ထိုင်း- မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းတဲ့ နေစရာနေရာအဖြစ် ထိုင်းအစိုးရပိုင်မြေတွေကို အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေ ရှိတယ်လို့ ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

ကိုရီးယားလွှတ်တော်မှာ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပ၊ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာကိစ္စ လွှတ်တော်မှာ ဆွေးနွေးမယ်

တောင်ကိုရီးယားနိုင်ငံ၊ လွှတ်တော်အစည်းအဝေးခန်းမမှာ "ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက် " ခေါင်းစဉ်နဲ့ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုရားသုံးဆူမှာ မလွယ်ပေါက်များ ပိတ်ခံရပြီးနောက် ကုန်စည်တင်သွင်းမှုခက်ခဲနေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူမြို့နဲ့ ထိုင်းနိုင်ငံ၊ စံခလပူရီဒေသဘက်ကို ဝင်ထွက်သွားလာလို့ရတဲ့ မလွယ်ပေါက်(နောက်ဖေးပေါက်) တွေကို ထိုင်းအစိုးရဘက်ကနေ ပိတ်ပစ်လိုက်ပြီးနောက် တနိုင်တပိုင် ကုန်သွယ်မှုတွေ ခက်ခဲလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။