ပြည်ပမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရစဉ် စစ်မှုထမ်းအဖြစ် မတရားစုဆောင်းခံရသူ ၁၆၀ ကျော်အထိ ရှိခဲ့ကြောင်း Spring Revolution DataBase (SRD) က ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ တခြားသော စစ်ရာဇဝတ်မှုတွေကို ကြိုတင်ရှောင်ရှားနိုင်ဖို့ မြန်မာနိုင်ငံသား အများစုဟာ တရားဝင်လမ်းကြောင်းမဟုတ်တဲ့ နေရာတွေကနေ ပြည်ပနိုင်ငံတွေကို ထွက်ခွာစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ပြည်ပကိုရောက်ရှိစဉ်  တရားမဝင်လုပ်သားတွေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားတွေဟာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းခြင်းတွေကနေ  စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းခံရမှုတွေလည်း ရှိနေပါတယ်။

ပြည်ပနိုင်ငံတွေကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာအရေအတွက်ဟာ  ထိုင်းနိုင်ငံမှာ  (၃,၃၃၉)ယောက်၊ မလေးရှားမှာ အယောက် (၃၀၀)၊ အိန္ဒိယမှာ (၂၆) ယောက်၊ စုစုပေါင်း (၃,၆၆၅) ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား (၁,၄၃၃) ယောက်ကို ထိုင်းနိုင်ငံ ရနောင်းမြို့ကတဆင့် စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ (၁၄၃၃) ယောက်ထဲက စစ်မှုထမ်းဖို့ မတရားစုဆောင်းခံရသူက  ၁၆၈ ယောက်ရှိခဲ့ပြီး ကော့သောင်းအခြေစိုက် ခမရ(၂၆၂)၊ ပလောက်မြို့အခြေစိုက် အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို-၁၂)ကို ပို့ဆောင်ကာ စစ်သားအဖြစ် အဓမ္မစုဆောင်းဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Spring Revolution DataBase (SRD))

တပ်သားသစ် စုဆောင်းခံရသူတချို့ကတော့ စစ်ကောင်စီ စေလွှတ်တဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ အသီးသီးခိုလှုံမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် မေလမှာ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ရာ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ စာရင်းတွေအရ  အရပ်သားပြည်သူ ၁၂,၆၅၅ ယောက်ကို သူတို့ရဲ့ သဘောဆန္ဒမပါဘဲ  စစ်တပ်က ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့တယ်လို့ SRD ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ အခု ၂၀၂၅ ဖေဖာ်ဝါရီလမှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး အပတ်စဉ် (၉) အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ 

အပတ်စဉ်တစ်ခုကို နိုင်ငံတစ်ဝန်းက စစ်ကောင်စီတပ်သားသစ် ၅၀၀၀ အထိ စုဆောင်းကာ လက်ရှိ အပတ်စဉ်(၉) အထိ စစ်မှုထမ်းအင်အား ၄၅၀၀၀ အထိ အဓမ္မစုဆောင်းထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီး ၄နှစ်တာအတွင်း စစ်ကောင်စီရဲ့ စစ်သည်အင်အား သောင်းဂဏန်းထက်မနည်း သေဆုံးသွားခဲ့ပေမယ့် စစ်မှုထမ်းဥပဒေ အပတ်စဉ် (၉) အထိ ပြန်လည်စုဆောင်းထားနိုင်မှုက အယောက် ၄၅၀၀၀ အထိရှိတာကြောင့် စစ်တပ်ဟာ ဆုံးရှုံးသွားတဲ့ စစ်အင်အားကို ပြန်လည်စုဆောင်းထားနိုင်ပြီဖြစ်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲကနေ ထွက်ပြေးတာ၊ တော်လှန်ရေးအင်အားစုတွေထံ အလင်းဝင် ခိုလှုံလာတာဟာ ၁၀၀ ဝန်းကျင်သာရှိပြီး အရေအတွက် အလွန်နည်းပါးသေးတယ်လို့လည်း CDM စစ်တပ်အရာရှိတချို့က သုံးသပ်ကြပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ ကျေးရွာ ၂ ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော် ၁ ပါး အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းရွာနဲ့ ဝယ်တောင် (တ) ရွာရှိ ဘုန်ကြီးကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တွေကို စံနှုန်းနဲ့အညီ စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီ ပြော

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ 
Read More

စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် မေလအတွင်း သေဆုံးသူ (၁၇) ဦးအထိရှိဟု AAPP ထုတ်ပြန်…

မေလ ၁ ရက်ကနေ ၂၈ ရက် ဒီနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးခဲ့သူ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၆) ယောက် စုစုပေါင်း (၁၇) ယောက် ရှိခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီက အရပ်သား ၃ယောက်ကို ဖမ်းဆီးသတ်ဖြတ် အမှုဆင်ကာ နေအိမ်တွေပါမီးရှို့ခဲ့

"မနေ့က မနက်၇နာရီလောက်မှာ မြင်းခြံနယ်၊ ဖုံရွာကိုဝင်ပြီး ဒေသခံပြည်သူတွေကိုဖမ်းပြီး ပစ်သတ်သွားပါတယ်။ သေတဲ့သူတွေထဲ ၂ယောက်က ညီအစ်ကိုအရင်းပါ။ ရွာထဲ PDF ရှိတယ်ဆိုပြီး ဒလန်သတင်းပေးတော့ ဝင်ရှာတာမတွေ့တာနဲ့ ရှိတဲ့သူကို ဖမ်းပြီး လုပ်သွားတာပဲ။ အိမ်တွေလည်းမီးရှို့ခံလိုက်ရတယ်" လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

မြင်းမူမြို့၊ ရွှေဧကရာဇ်ရွှေဆိုင်မှ ဓားပြတိုက်လာသူ ၄ဦးကို ဧရာဝတီမြစ်ကြောင်းအတွင်း PDF များဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာတဲ့အဖွဲ့ကို တိုက်ရာပါပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ အသင့်စောင့်ကြို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။