ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ(၁၇) ရက်က ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၅၈၄ တပ်ရင်းကနေ အသက် (၂၁) နှစ်၊ (၂၄)နှစ်နဲ့ (၂၀)နှစ်အရွယ် စစ်သား ၃ ယောက်က လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်စလုံးဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရကာ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံခဲ့ရသူတွေ ဖြစ်ပြီး MA-3 ၂လက်၊ MA-1 ၁လက်၊ ကျည်ဘောက် (၁၁)ခု၊ ကျည် (၇၇၆) တောင့်၊ လက်ပစ်ဗုံး (၁) လုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ KNU က ဆိုပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၃) ယောက်ကို ကျောက်ကြီးမြို့နယ် KNU တာဝန်ရှိသူတွေနဲ့ KNLA တပ်ရင်း(၉) တာဝန်ရှိသူတွေက တစ်ယောက်ကို ငွေကျပ်(၁၀)သိန်းစီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးကာ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ဖို့ KNU က တိုက်တွန်း အသိပေးထားပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံကြိုဆိုခဲ့တဲ့ ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဆဲဗင်းဂျူလိုင် (၆၃)နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ကျောင်းသားပေါင်း ရာနဲ့ချီ အသက်ပေးခဲ့ရတဲ့ 7 July (ဆဲဗင်းဂျူလိုင်) (၆၃)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြောင်းမြကျောင်းသား ကိုကျော်ဝင်းရဲ့ သွေးနဲ့ ရေးသားခဲ့တဲ့ "၇.၇.၆၂ကို မမေ့ကြနဲ့" ကြွေးကြော်စာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဓာတ်ပုံကမ်ပိန်းအဖြစ် ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၄) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီ အရေးပေါ်ကြေညာ

အပျက်အစီးများပြီး လူအသေအပျောက်များနိုင်တဲ့ ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီက အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ ဒုဗိုလ်မှူးအဆင့်နှင့် ၃ ပွင့်ဗိုလ်အပါ စစ်သားအများအပြား သေပြီး ၂ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ရာ ဒုဗိုလ်မှူးနဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်း ဇရပ်ကွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာ ၉ရက် မနေ့ နေ့လယ် ၁နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။