မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA ရဲ့ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ်ပိုင်းမှာ ကျိုက်မရောမြို့နယ်၊ စံပယ်ဂူတံတားမှာ တပ်စွဲထားတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ(၂၀၈)တပ်ရင်း ဒရုန်းတပ်ဖွဲ့က ကော့ဒွန်းကော့ပနော့ လမ်းဆုံမှာရှိတဲ့ MLA ရဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တစ်ကြိမ်ကို ဗုံးသီး ၂လုံးစီနဲ့ စုစုပေါင်း ၄ လုံး MLA စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ အရပ်သားကား (၃) စီး ထိမှန်ပျက်စီးခဲ့ပေမယ့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ MLA က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း အရပ်သားတွေရှိရာ နေရာတွေကို မကြာခဏဆိုသလို ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်နှစ်အတွင်း အရပ်သား ၆၉ ဦး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တွေကြောင့်ဧရာဝတီတိုင်းထဲကမြို့နယ်သုံးခုမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန်ပါတယ်။
Read More

အသက် ၁၈ နှစ်အရွယ် ကလေးအမေကို အကြမ်းဖက်စစ်သား ၃ ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဓားဖြင့် ၆ ချက် ထိုးသတ်ခဲ့

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားနဲ့ ၆ ချက် မသေမချင်း ထိုးသတ်ထားခဲ့တယ်လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်မယ့် Drone Jammer ကို Federal Wingsက တီထွင်ထုတ်လုပ်

စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်ဖို့ Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Federal Wings တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့ အမှန်မမြင်ဘဲ အကြမ်းဖက်နေသည်ဟု ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မင်းအောင်လှိုင် ပြော

ဒီနေ့မှာကျရောက်တဲ့ ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့တချို့အပါအဝင် စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။