ထိုင်း-မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကျပ် လုပ်အားပေးစေခိုင်းခံရတဲ့ အသက် ၁၆ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ယောက် ပြန်လည်လွတ်မြောက်လာပါတယ်။

အဆိုပါ လွတ်မြောက်လာသူကို လက်ရှိ မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားရှိပြီး အခြေအနေအသေးစိတ် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်သတင်းအရင်းအမြစ်တွေရဲ့ စနေနေ့က ပြောဆိုချက်အရ အဆိုပါ ရာဇဝတ်ဂိုဏ်းတွေအတွင်း သူ့အပြင် နောက်ထပ် ဂျပန်လူမျိုး ၁၀ ယောက်ခန့် ရှိကြောင်း သိရတယ်လို့ The Japan Times က ဖော်ပြပါတယ်။

ထိုင်းစစ်တပ်နဲ့ အခြား သတင်းအရင်းအမြစ်တွေအရ အဆိုပါလူငယ်ဟာ ဆိုရှယ်မီဒီယာကတဆင့် အလုပ်လျှောက်ထားခဲ့ပြီး ဂျပန်ကနေ ထိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က မြန်မာနယ်စပ်ကို ထိုင်းနိုင်ငံဘက်ခြမ်းကနေ မြင်ရတဲ့ မြင်ကွင်းတစ်ခု (ဓာတ်ပုံ Reuters)

သူဟာ ထိုင်းမြန်မာနယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ အခြေစိုက်စခန်းဆီ ခေါ်ဆောင်သွားခံခဲ့ရပြီး ဂျပန်လူမျိုးတွေကို ပစ်မှတ်ထားလိမ်လည်ဖို့ ဖိအားပေးခံခဲ့ရတာပါ။

အဆိုပါ လူငယ်ကောင်လေးဟာ အခုလအစောပိုင်းမှာ သူ့မိသားစုထံဆက်သွယ်ခဲ့တာကြောင့် ဂျပန်ရဲတွေထံ အကူအညီတောင်းခံခဲ့တာပါ။ ဂျပန်ရဲ့ တောင်းဆိုချက်အရ သူ့ကို ထိုင်းအာဏာပိုင်တွေက ရှာဖွေခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ မြန်မာကနေ ထိုင်းဘက်ခြမ်း လွှဲပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း အွန်လိုင်းဂိမ်းကတဆင့် သိကျွမ်းတဲ့ ၂၉ နှစ်အရွယ် အမျိုးသားတစ်ယောက်ရဲ့ လိမ်လည်ခြင်းခံခဲ့ရပြီး မြန်မာပြည်က ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ စေခိုင်းခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် ဂျပန်အထက်တန်းကျောင်းသားတစ်ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားခဲ့ပါတယ်။

အဆိုပါ ဂျပန်လူငယ်နှစ်ယောက်ဟာ မတူညီတဲ့ ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ကြရတာဖြစ်ပြီး ကျောင်းသားဆိုသူကလည်း အဆိုပါငွေလိမ်လုပ်ငန်းတွေအတွင်း ဂျပန်လူမျိုး ၁၀ ယောက်နီးပါး လုပ်ကိုင်နေကြောင်း ပြောဆိုခဲ့ပါတယ်။

မူရင်းသတင်း – Teen says several more Japanese nationals involved in frauds in Myanmar

0 Shares:
You May Also Like
Read More

UWSA ဝတပ်နဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာ‌ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီက ကိုင်တွယ်ဆွေးနွေးမည်ဟုဆို

ထိုင်း-မြန်မာနယ်စပ်မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားအဆင့်မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီအနေနဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကိုင်တွယ်ဆွေးနွေးဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားပြန်လွတ်လာပေမယ့် မြန်မာနှစ်ဦး ပြန်မလွတ်သေး…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။
Read More

စစ်အုပ်စု ရွေးကောက်ပွဲအလွန်မှာပင် မြန်မာနှင့် အာဆီယံ ပြန်လည်ထိတွေ့ဆက်ဆံရန် ခက်ခဲဦးမည်ဟု ထိုင်းဝန်ကြီး ပြောကြား

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီးမှာတောင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးချိန်တန်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ AFP နဲ့ Reuters သတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက နိုဝင်ဘာလ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။
Read More

အမေရိကန်တွင် ရက်ကျော်နေထိုင်သူတွေ များပြားနေမှုကြောင့် မြန်မာနိုင်ငံအပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်

အမေရိကန်ကိုရောက်ပြီးနောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ များပြားနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ အိမ်ဖြူတော်က သမ္မတထရမ့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်မှ ဘတ်ငွေ ၁၈ သန်း ထိုင်းအမျိုးသားတစ်ဦး မှောင်ခိုသွင်း၊ နယ်စပ်ရှိ ကုန်လှောင်ရုံများ ပိတ်ထားဖို့ ထိုင်းအာဏာပိုင်များ အမိန့်ထုတ်

မြန်မာနိုင်ငံနယ်စပ်မြို့ ဘုရားသုံးဆူကို လမ်းပေါက်နေတဲ့ ထိုင်းနိုင်ငံ၊ စံခလဘူရီနယ်ထဲက နယ်စပ် ကုန်လှောင်ရုံတွေအားလုံးကို ပိတ်ထားဖို့ ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ်လိုက်ကြောင်း ဘန်ကောက်ပို့စ်က မေလ ၂၈ ရက်မှာ ရေးသားဖော်ပြပါတယ်။
Read More

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ...နဲ့ အီရန်အကြား ၁၂ ရက်ကြာမြင့်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီး အပြီးတိုင် အပစ်ရပ်ဖို့ အပြည့်အဝ သဘောတူလိုက်ပြီဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားဖော်ပြထားပါတယ်။