စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း​မြို့နယ်အတွင်း ရွှေမျှောလုပ်ငန်းလုပ်ကိုင်နေရင်း SNA ရှမ်းနီတပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၁ ယောက် တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့၊ မနက်ပိုင်းက  မြိုင်မြို့ ထွေအုပ်ရုံးအတွင်း ကင်းတာဝန်ကျနေတဲ့ ရိက္ခာပို့ တပ်သား ကိုညီညီဖြိုးဆိုသူဟာ လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကျားသစ်နက်တပ်မတော်၊ မြိုင်တပ်ခွဲထံ အလင်းဝင်ရောက်လာကြောင်း သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ ကိုညီညီဖြိုးနဲ့အတူ 5.56 ကျည် ၁၃၃ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ MA 1 ကျည်ဘောက် ၃ခု၊ လက်ကိုင်ဖုန်း ၃လုံး တို့လည်းပါဝင်ခဲ့​ပေမယ့် လမ်းပိုင်းအတွင်း မြိုင်ပကဖ တာဝန်ရှိသူတွေက အထက်ပါစစ်အသုံး​အဆောင်ပစ္စည်းတွေကို သိမ်းယူထားကြောင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“ကိုညီညီဖြိုး ကျနော်တို့နဲ့ချိန်းထားတဲ့နေရာကို လာတဲ့လမ်းမှာ မြိုင်နယ်ပကဖ တာဝန်ရှိသူတွေ တွေ့ပါတယ်။ အဲ့မှာ သူနဲ့အတူ ပါလာတဲ့ပစ္စည်းတွေကိုတာဝန်ရှိသူတွေကယူထားပြီး လူချည်းပဲ ကျနော်တို့ဆီ ပို့လိုက်ပါတယ်။ လက်ရှိတော့ ဒီကိစ္စအပေါ် မြို့နယ်ပကဖ တာဝန်ခံနဲ့ ကျနော်တို့တပ်ရင်းတာဝန်ခံ ဆက်သွယ်ထားတာမျိုးတော့ ရှိတယ်ဗျ။ အသေးစိတ်တော့ ပြောလို့မရသေးပါဘူး” လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသည့် ကိုညီညီဖြိုး

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ကိုညီညီဖြိုးဟာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ဇာတိဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း​ ရွှေမျှောလုပ်ငန်း သွားရောက်လုပ်ကိုင်စဉ် အောက်တိုဘာလအတွင်း စစ်တပ်လက်အောက်ခံ SNA ရှမ်းနီတပ်တွေရဲ့ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် SNA တပ်တွေက ကိုညီညီဖြိုးကို ရဲလက်အပ်ခဲ့ပြီး အဲ့ကတဆင့် စစ်သားစုဆောင်းရေးထဲကို ရောက်ရှိကာ ကလေးမြို့စစ်သင်တန်းကျောင်းကို ၃ လ တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

“ဒီနောက်မှာတော့ တံတားဦးလေဆိပ်ကို လေယာဉ်နဲ့အပို့ခံရတယ်။ တံတားဦးကနေမှတဆင့် ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ၂၅၁ တပ်ရင်းကိုရောက်တယ်။ အဲ့ဒီကနေ ရိက္ခာစစ်ကြောင်းနဲ့အတူ မြိုင်ကိုရောက်လာတာလို့ သိရပါတယ်။ ကိုညီညီဖြိုးကို အခု ကျနော်တို့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။” လို့ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဆက်လက်ပြီးတော့လည်း စစ်မှုထမ်းတပ်သားအဟောင်းရော အသစ်တွေပါမကျန် အာဏာရှင်ကိုအသက်ပေးကာကွယ်နေခြင်းကနေ အမြန်ဆုံး နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက်အလင်းဝင်ရောက်ဖို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

တိုင်းစစ်ဌာနချုပ် အဆင့်ရှိ(နပခ) ကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ သမိုင်းဝင် အောင်ပွဲတစ်ရပ်ဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း NUG က အာရက္ခတပ်တော်ကို သဝဏ်လွှာပေးပို့

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရက္ခတပ်တော် AA က  အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတက  ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်ရပ်ကို ပေးပို့လိုက်ပါတယ်။
Read More

တောင်ယာပြန်လုပ်နေသည့် စစ်ရှောင်ပြည်သူများကို PNO ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်ပြည်သူတချို့ တောင်ယာပြန်လုပ်နေချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်တွင် NUG မှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်၊ မသန်စွမ်းသူများပါ တက်ရောက်ဆွေးနွေးခဲ့

"သင်တန်းကနေ အကျိုးသက်ရောက်မှုတွေ၊အသိပညာတွေအများကြီး ရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို သိရှိနားလည်လာခဲ့တာကြောင့် တခြား ဒေသတွေမှာလည်း ခုလိုပဲ ပြုလုပ်ပေးစေလိုပါတယ်’’ လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတစ်ယောက်က ပြောကြောင်း NUG ဝန်ကြီးဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းမှ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါ ၁၅ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းကနေထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေ‌ဆုံးသူတွေ ရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရပါတယ်။
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။