ဧရာဝတီတိုင်း၊ ငသိုင်းချောင်း အမြောက်တပ်ရင်းကို AA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြောက်တပ်ရင်း (အမတ-၃၄၄) ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဂွမြို့နဲ့ဆက်စပ်နေတဲ့ ရေကြည်အနီးက စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး မြေပြင်မာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ထိခိုက်မှုများပြားနေတယ်လို့ သိရပါတယ်။

ဒါဟာ ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီရဲ့တပ်ဌာန ချုပ်တခုကို ပထမဆုံးအကြိမ် စတင် တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီကလည်း မြေပြင်မာ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်မှုထမ်းသင်တန်းဆင်းတွေကိုပါ ရှေ့တန်းကို ပို့ဆောင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

AA က ရေကြည်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဂွ- ငါးသိုင်းချောင်းလမ်းပေါ် ဗေဒါဂိတ်အပါအဝင် စစ်စခန်းတချို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရိက္ခာဖြတ်တောက်ခံထားရသည့်အတွက် ရိက္ခာထွက်ရှာသည့် ပျူထောက်ခံသူ ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တပ်ကုန်းရွာရှိ ပျူစောထီးတွေ ရိက္ခာဖြတ်တောက်ခံထားရတဲ့အတွက် ပျူထောက်ခံသူတစ်ယောက် ရိက္ခာရှာထွက်လာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ကိုရီးယားတွင် မြန်မာပြည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲနဲ့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။ 
Read More

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသော 96 Soldiers တပ်သားတစ်ဦးကျဆုံး

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတဲ့ 96 Soldiers- PDF တပ်ဖွဲ့ဝင်တစ်ယောက် စစ်အုပ်စုနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ အထက်ပါတပ်ဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရဲဘော်အောင်အောင်ဟာ မဟာမိတ်တပ်များနဲ့အတူတိုက်ပွဲဝင်နေစဥ်မှာ မြင့်မြတ်စွာကျဆုံးခဲ့တဲ့အတွက် 96 Soldiers – PDF က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။