စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။

ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို သတင်းအချက်အလက်ရယူနေတဲ့ Reliefweb အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ရရှိထားတဲ့ မြေပြင်က ကိန်းဂဏန်းတွေက်ိုကိုးကားပြီး ထုတ်ပြန်လိုက်တာပါ။

စစ်တပ်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် အကြမ်းဖက်တာနဲ့ ဟန့်တားတဲ့အမှုပေါင်း ၁၆၀၀ နီးပါးရှိခဲ့ပြီးအဆောက်အအုံပေါင်း ၃၅ဝ နီးပါး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၃ ခုနှစ်ကစပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ထိခိုက်စေတဲ့ ရည်ရွက်ချက်မျိုးနဲ့ တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ၃ နှစ်ပြည့် ဆွမ်းကျွေးအမျှဝေအလှူ… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက်၊ ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံး ရဲ‌‌‌ဘော် ၂ ယောက်ရဲ့ (၃) နှစ်ပြည့် ဆွမ်းကျွေး အမျှပေးဝေအလှူ ပြုလုပ်ခဲ့တယ်လို့ Khut Daung Company Saw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီဒေသထဲ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ် ကိုင်ဆောင်ရမည်

ကရင်နီဒေသထဲမှာ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ်ရှိဖို့ လိုအပ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူတွေ ခက်ခဲနေတဲ့ကြားက မြို့ပတ်ရထားလက်မှတ်ခတွေကို စစ်ကောင်စီ တိုးမြှင့်ကောက်ခံမယ်

ဒီဇယ်စျေးမြင့်တက်လာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက လက်မှတ်ခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံတော့မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်၊ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အမ်းကို စစ်ကူပို့တဲ့ စစ်ကောင်စီတပ်သားတွေ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး ရခိုင်ရိုးမထဲ ကစဉ့်ကလျား ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ အမ်းကို စစ်ကောင်စီက ကုန်းလမ်းကရော ဝေဟင်ကပါ စစ်ကူတွေပေးပို့နေပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကူတွေ မရောက်ရှိတဲ့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့နေရကြောင်း CDM စစ်တပ်အရာရှိတွေ က ပြောပါတယ်။
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။