မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်၂ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ခိုလှုံလာကြောင်း မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မကွေးတိုင်းအတွင်း စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ပုသိမ်ကြီးမြို့နယ်မှာ ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ၂ယောက်ဟာ ဇန်နဝါရီလ ၂၅ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့-မန္တလေးခရိုင် ကို ဆက်သွယ်အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ MA1 သေနတ် ၂လက်နဲ့ ကျည် (၄၁၇) တောင့် ၊ ကျည်ဘောက် ၆ခုတို့ကို ယူဆောင်လာခဲ့တယ်လို့သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုဆုငွေ ၁၀သိန်းကျပ်စီ ပြန်လည်ပေးအပ်ရင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ကြောင်း မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။

“ပြည်သူ့ရင်ခွင်ကနေတဆင့်ချိတ်ဆက်လာတာပါ။ ကျနော်တို့လည်း အဆင့်ဆင့်စိစစ်ပြီး ခေါ်ဆောင်နိုင်ခဲ့တယ်ပေါ့။ သူတို့က ပုသိမ်ကြီး နယ်ခံတွေတော့မဟုတ်ဘူး။ မကွေးတိုင်းထဲကလို့ ပြောတယ်။ ပေါ်တာဆွဲခံရတာပါ။ သူတို့အိမ်ကိုဝင်ပြီး ခဏလိုက်ခဲ့ပါဆိုပြီး ဗထူးလေ့ကျင့်ရေးကို ပို့လိုက်တာပဲတဲ့။” လို့ မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းပေါ်တာဆွဲထားသူတွေကို စစ်ဌာနချုပ်တွေ၊ စစ်မြေပြင်တွေဆီ ပို့ဆောင်နေသလို တစ်ဖက်မှာလည်း ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်တွေဆီ ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

“အခုက စစ်မှုထမ်းနဲ့ပါပြီး အိမ်ကိုလာခေါ်တာနဲ့ သင်တန်းပို့တယ်။ အဲ့ဒါပြီးတာနဲ့ ရှေ့တန်းလွှတ်တာပဲ။ ပသစတွေကတော့ အလင်းဝင်ချင်နေကြတာ များပါတယ်။” လို့ မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေအနေနဲ့စစ်မှုထမ်းပေါ်တာဆွဲ မခံရခင်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေဆီ ကြိုတင်ချိတ်ဆက်ထားသင့်ကြောင်းနဲ့ စုဆောင်းခံရပြီး လက်နက်တပ်ဆင်ပေးခံရရင်လည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်ထွက်ပြေးဖို့ တိုက်တွန်းထားပါတယ်။

လက်နက်နှင့် အလင်းဝင်လာသူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မန္တလေးခရိုင်က ဆုကြေးငွေ ပေးအပ်နေစဥ် (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မန္တလေးခရိုင်)

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း PDF များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စလင်းနှင့် ဆင်ဖြူကျွန်းကို ဝန်းရံပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ​ခြေလျင်တပ်တွေ တိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်အပါ ၉ယောက်သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်ဘက်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ခြေလျင်တပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ယောက်သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

အမေရိကန်၊ ဝါရှင်တန်မြို့ တရုတ်သံရုံးရှေ့မှာ မြန်မာအရေး တရုတ်စွက်ဖက်မှု ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်…

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအရှေ့မှာ မြန်မာနိုင်ငံအရေး တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် အနုပညာရှင်အချို့နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ဒီနေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းတွေမှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဥဦး (BLDF) ၊ စစ်ဒေသ- ၁ အနေနဲ့ စက်တင်ဘာ ၂၆ ရက် ဒီနေ့မှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေနဲ့ လက်တွေ့လေ့ကျင့်ရေး အစီအစဥ်တွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။