ထိုင်း-ကရင်နီနယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ကတုံးစစ်စခန်းကုန်းကို ဖေဖော်ဝါရီ ၁၃ ရက်က ကရင်နီပြည်တပ်မတော် (KA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းကုန်းကို အကြမ်းဖက်စစ်တပ်က အင်အား ၄၀ ခန့်ဝန်းကျင်နဲ့ တပ်စွဲထားပြီး ဖေဖော်ဝါရီ ၁၂ ရက်က လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ စတင်တိုက်ခိုက်ပြီး အကြမ်းဖက်စစ်တပ်က စခန်း လက်လွှတ်ရစေဖို့ လေကြောင်း ကနေ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားအများအပြားသေနိုင်ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံးယာဉ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ကတုံးစခန်းလို့လည်းခေါ်တဲ့ အဲဒီတပ်စခန်းဟာ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတစ်ခုလည်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၃၀ ဝန်းကျင်က ကရင်နီပြည်တပ်မတော် (KA) လက်လွှတ်ခဲ့ရတဲ့ စခန်းလည်း ဖြစ်ပါတယ်။

Video -Khu Lu Reh Paing

0 Shares:
You May Also Like
Read More

နီပေါဆန္ဒပြပွဲအတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

နီပေါနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး နီပေါ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားခဲ့ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရဲကားကို တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး၊ ရဲ ၂ ယောက် သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက ရဲ ၂ ယောက် မောင်းနှင်လာတဲ့ ရဲကားကို တိုက်ခိုက်ခဲ့ရာ၊ အဆိုပါ ရဲနှစ်ယောက်သေဆုံးပြီး သေနတ် နှစ်လက်နဲ့ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း-NPDF က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ငသရောက်မြို့ရဲစခန်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။
Read More

ပေကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ပေကြီးရွာမှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

မန္တလေးကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးမြို့ကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်နဲ့ အက်စစ်တင်ယာဉ် ၅၁ စီး ကို ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့ စည်ကားတဲ့ တစ်နေရာမှာ ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေးစကားများ ဘလူးတုဘောက်စ်နဲ့ မျှဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စည်းကားတဲ့ တစ်နေရာတစ်ခုမှာ စစ်အာဏာသိမ်း ၄ ပြည့်အဖြစ် ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေး စကားတွေကို ဘလူးတုဘောက်စ်နဲ့ မျှဝေခဲ့တယ်လို့ General Strike Committee ထံက သိရပါတယ်။