စစ်ကောင်စီလက်အောက်ခံ စောချစ်သူခေါင်းဆောင်တဲ့ BGF က ကျားဖြန့်နဲ့ လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့စည်းပြီးနောက် အဆိုပါအဖွဲ့က ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာ လုပ်ငန်းခွင်တွေနဲ့ လူနေထိုင်ရာ အဆောင်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

BGF အနေနဲ့ စုံစမ်းစစ်ဆေးမှုအတွင်း တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားအများအပြားကို ဖမ်းဆီးကာ ရွှေကုက္ကိုလ်ထောင်အနီးက အဆောက်အဦးတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလာတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကို စောချစ်သူခေါင်းဆောင်တဲ့ BGF က ထိန်းချုပ်ထားတာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဖိအားပေးမှုတွေကြောင့် BGF က ကျားဖြန့်နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးအဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ဖွဲ့စည်းခဲ့ကာ စုံစမ်းစစ်ဆေး ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မခိုင်းစေဖို့ လူမှောင်ခိုကူးခံခဲ့ရတဲ့ ဖြစ်ရပ်တွေအတွက် BGF ခေါင်းဆောင် စောချစ်သူ၊ ဗိုလ်မုတ်သုန်နဲ့ ဗိုလ်တင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းရေး ဌာန (DSI)က ကြိုးပမ်းခဲ့ပေမယ့် အထောက်အထား လုံလောက်စွာ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဝရမ်းထုတ်ရေး ဆိုင်းငံ့ထားတာဖြစ်ပါတယ်။

(ဓာတ်ပုံ BGF/ CJ)

0 Shares:
You May Also Like
Read More

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရွာငံ-အောင်ပန်း လမ်းပိုင်းမှာ စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးကို အသေပစ်ခတ်ဖမ်းမိ၊ ပစ္စတို ၁ လက်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမှာ ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) က စစ်ဆေးရေးလုပ်ဆောင်နေချိန် စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ပစ္စတို ၁ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ပါတယ်။
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရှောင်ကျေးရွာများထဲမှ အရပ်သားပိုင်ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စစ်အုပ်စု ခိုးယူသယ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။