ပဲခူးတိုင်းအတွင်း ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေဆီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြသူတွေ၊ ပြန်လည်ထူထောင်ရေးစခန်းမှာ တက်ရောက်နေသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီခရီးစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားရေးရာ ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ အမှတ်(၂)စစ်ဒေသ၊ စစ်ဒေသခွဲ(၂) စစ်ဒေသမှူး ဦးတင်ဦး၊ အမှတ်(၂) စစ်ဒေသ ဆေးတပ်တာဝန်ခံ Dr YKZ ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေက ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးအပ်နိုင်မှု အခြေအနေတွေ လိုက်လံလေ့လာကာ လိုအပ်တဲ့ ထောက်ပို့ကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူနာတွေ သယ်ယူပို့ဆောင်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ လူနာတင်ယာဉ်တွေ ဖြည့်ဆည်းပေးနိုင်ရေး၊ လိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ခန့်အပ်ထားနိုင်ရေးတို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ရှောင်အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း − မြိုင်ထံမှ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် စက်မှု (၂) ကနေ စစ်ကြောင်း ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၄င်းတို့နဲ့ ပက်ပင်းတိုးတဲ့ တောတိုက်မှာစစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာက အမျိုးသားတစ်ယောက်ကို သရက်ကန်ပျူရွာထဲကို ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။
Read More

နေပြည်တော် ပကဖ ၏ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များ ဦးဆောင်ပြီး ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ပွဲ

အမျိုသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တွေက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့ကညဉ့်နက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။