မကွေးတိုင်း ၊ ချောက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်း ၂ ဆင့်ဆွဲကာ တိုက်ခိုက်ရာ ၄ ယောက်သေက ၇ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chauk Revolution Army အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက် မနေ့က နေ့လည်ပိုင်းမှာ ချောက်မြို့ – စလေ – တောင်သာလမ်းခွဲကနေ ဖောကား ၁ စီး၊  ကားလေး ၁ စီးနဲ့ ဆိုင်ကယ် ၄ စီး မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားတွေ မကျီးကုန်းကျေးရွာတောင်ဘက်အရောက်မှာ တော်လှန်ရေးအဖွဲ့ဝင်တွေက  စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းဆွဲရာ အနီးပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်တွေက ကြိုတင် တိုက်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် အဆိုပါမိုင်းတွေပါ ထပ်မံပေါက်ကွဲပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များခဲ့တာလို့ Chauk Revolution Army အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ အခင်းနေရာ

“သူတို့( စကစ) လာမယ်ဆိုတာ နေ့လည်လောက်ကတည်းက သတင်းကြိုရထားတယ်ပေါ့။အဲ့အတွက်ကျနော်တို့ မိုင်းဆွဲစောင့်တယ်။ ၁နာရီကျော်ကျော်လောက်မှာသူတို့ထွက်လာတယ်။ မိုင်းပွိုင့်ရှိတဲ့နေရာကို ၂နာရီလောက်ရောက်တော့ ကျနော်တို့မိုင်းဆွဲတယ်။ ကျနော်တို့က အဲ့မိုင်းကွင်းနေရာမှာ တိုက်မိုင်းတွေထပ်ပြီးထောင်ထားတော့ ပထမမိုင်းမိပြီးသူတို့ကားပေါ်ကဆင်းတဲ့အခါ ဘေးဘီကိုဝပ်တဲ့အခါမှာ တိုက်မိုင်းတွေထပ်မိတယ်ပေါ့။ အဲ့တာကြောင့် သူတို့ဘက်ပိုပြီးအထိခိုက်များသွားတာပါ” လို့ Chauk Revolution Army အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို​ ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရှေ့ဆက်တိုးမလာတော့ပဲ နောက်ကိုပဲ ပြန်ပြီး ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

” သူတို့က စလေ ဘက်ကနေ လာတာပါ။ တောင်သာရွာနဲ့ မြေပဒုံရွာတွေဘက်ကို ဦးတည်ထွက်လာတာပါဗျ။ ကားလမ်းနဲ့ သိပ်မဝေးတော့ ဒီအတိုင်း ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဝင်လာကြတာ။ အင်အား ၄၀ လောက် ပါမယ်။ နယ်မြေရှင်းလင်းရေး လုပ်ဖို့ လာတာလို့ ပြောရမယ်။ သူတို့ဘက်က မိုင်းဆွဲခံရပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဆက်တိုက် ရမ်းသမ်းပစ်ပါသေးတယ်။” လို့ Chauk Revolution Army အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို​ ပြောပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုတွေကို Chauk Revolution Army ( CRA ) နဲ့အတူ KDF ၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ နဲ့ မဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

မြိုင် စက်မှု (၂) ဘက် ထွက်ခွာလာသည့် စစ်အုပ်စု မိုင်းမိပြီး ထိခိုက်သူများ ရှိ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) ဘက်ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ရဲနဲ့ပျူ ၆ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ​ကြို့ပင်ကောက်မြို့နယ်မှာ သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၂ယောက်နဲ့ ပျူစောထီး၄ယောက်သေဆုံးပြီး စစ်တပ်သတင်းပေး၁ယောက်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Black Dragon GBK-PDF တပ်ခွဲမှူး ရိုးမနဂါးက မောင်းကို ပြောပါတယ်။
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။