စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီဟာ တိုင်းပြည်အာဏာကိုလုယူထားပြီး ပြင်ဆင် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်း မဟုတ်တာကြောင့် NUG အနေနဲ့ အသိအမှတ်ပြုလက်ခံခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ  ပဲရစ်အခြေခံမူများနဲ့ ကိုက်ညီခြင်းမရှိတော့ဘဲ အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားပြီး ၎င်းတို့ အလိုဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို နှုတ်ဆိတ်နေပြီး စစ်အာဏာသိမ်း ၄နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ ထင်တိုင်းကြဲလုပ်ဆောင်နေမှုကို နှုတ်ဆိတ်နေခဲ့ရတဲ့ ရုပ်သေးသာသာ အဖွဲ့အစည်းလို့လည်းဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကို နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများအနေဖြင့်လည်း အသိအမှတ်ပြု လက်ခံခြင်း၊တွေ့ဆုံခြင်း၊ အစည်းအဝေးများကို ဖိတ်ကြားခြင်းများ မပြုလုပ်ရန်အတွက်လည်း NUG ကတိုက်တွန်းထားပါသေးတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို Global Alliance of National Human Rights Institute-GANHRI မှလည်း သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ အသိအမှတ်ပြုခြင်းနဲ့ အဖွဲ့ဝင်ဖြစ်ခြင်းမှ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်မှာ ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

မောင်တော၊ အမ်းနဲ့ ဂွက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်တော့မယ်လို့ AA ထုတ်ပြန်

မောင်တော နခခ (၅)အပါအဝင်ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး ထိုးစစ်ကို အရှိန်မြှင့်တော့မယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီ ဗုံးကြဲချ၊ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး ကျန်မားရေးဝန်ထမ်းတွေနဲ့ CDM ဝန်ထမ်းတွေအပါ အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၃၅ ဦး သေဆုံး၊ လက်နက်များစွာ တော်လှန်ရေးတပ်များ ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က စစ်သား ၃၅ယောက် သေဆုံးပြီး လက်နက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့-ဝက်လက် က သတင်းထုတ်ပြန်ပါတယ်။
Read More

KK Park ရှိ ကျားဖြန့်အဆောက်အအုံများကို စစ်တပ် ဖျက်ဆီးပြခဲ့ပေမယ့် ရွှေကုက္ကိုလ်နယ်မြေရှိ အဆောက်အအုံများကို ချိတ်ပိတ်ရုံသာ ပိတ်သိမ်း

အကြမ်းဖက်စစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲထော်သလေး KK Park အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းနယ်မြေရှိ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးပစ်နေပေမယ့် ရွှေကုက္ကိုလ်နယ်မြေအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကိုတော့ မဖျက်ဆီးဘဲ ချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 
Read More

ဟိန္ဒူယဉ်ကျေးမှုအပေါ် အပြောင်အပျက်လုပ်ထားတဲ့ ရုံတင်ဇာတ်ကားအတွက် ထုတ်လုပ်သူနဲ့ ခွင့်ပြုတဲ့ ဘာသာရေးအဖွဲ့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ ထုတ်ပြန်

မကြာခင် ရုံတင်ပြသမယ့် “ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကား ခွင့်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကနေ ထုတ်ပြန်လာပါတယ်။