ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အခုတစ်ပတ်အစောပိုင်းမှာ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က BGF ခေါင်းဆောင် စောချစ်သူအပါ ဗိုလ်မုတ်သုန်နဲ့ ဗိုလ်တင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ရေးအတွက် လုပ်ဆောင်နေခဲ့ပေမယ့် သက်သေ မခိုင်လုံသေးတဲ့အတွက် ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ထိုင်း DSI အနေနဲ့ အိန္ဒိယ နိုင်ငံသား ၈ ယောက် မြဝတီထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေဖို့ လူမှောင်ခို ကူးခံခဲ့ရတဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး BGF ခေါင်းဆောင် ၃ ယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က တွေ့ရသည့် BGF ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူနှင့် ဗိုလ်မှူး မုတ်သုန်

ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသလူကုန်ကူးမှုတွေအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ထိုင်းအမှုစစ်ရှေ့နေတွေက လက်ရှိ BGF နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေဟာ ဖမ်းဝရမ်းထုတ်ဖို့ မလုံလောက်သေးဘဲ အခုထက်ပိုပြီး စုံစမ်းစစ်ဆေးမှုနဲ့ သက်သေအထောက်အထားတွေ လိုအပ်နေသေးတယ်လို့ ဆိုထားပါတယ်။

ထိုင်း – မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်မြို့သစ်မှာ BGF က ကျားဖြန့်လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးထားတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားနေပေမယ့် လက်ရှိမှာတော့ BGF အနေနဲ့ မြ၀တီမြို့နယ်အတွင်းက ကျားဖြန့် မှောင်ခိုလူကုန်ကူးမှုတွေကို နှိမ်နင်းဖို့ဆိုပြီး အထူးအဖွဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီထောင်တွင် ပခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား ကိုအောင်သူထက် ဆက်လက်တိုက်ပိတ်ခံထားရ၊ ရိုက်နှက်ခဲ့သည့်ဝန်ထမ်းကိုလည်း အရေးမယူမှု မရှိ…

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား​ ၁ ယောက်ကို ရန်ဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခဲ့တဲ့ အကျဥ်းဝန်ထမ်းဆိုသူကို အရေးယူမှု မရှိဘဲ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားကိုသာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ခန္တီးမြို့တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်မဲ့ အလင်းဝင်လာ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရိဒ်ခေါ်ဒါရ်မြို့မှ CNDF တပ်များ ပြန်လည်ဆုတ်ခွာ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေ …

" မြေပြင်စစ်ရေးဖိအားကြောင့် CNO/CNDF က ပြန်လည်ဆုတ်ခွါသွားတာပါ။ အခုလက်ရှိမှာတော့ မူလ ဒေသခံပြည်သူတွေ လက်ထဲ ပြန်ရောက်ပါပြီ။ Rihkhuadar စစ်ရှောင်တွေ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာနေကြပြီ" လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဂန့်ဂေါ ခလရ ၅၀ ကနေ ပင်လယ်ဘူး ပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို ဆိုသူ တိုက်ပွဲမှာ ဆီးခုံကျည်မှန်ပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။