ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းမှာ စစ်ကောင်စီတပ်တွေ မရှိတာကြောင့် မြို့နာတာ အနည်းဆုံး တိုက်ပွဲဖြစ်လာလိမ့်မယ်လို့ သုံးသပ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကနေ ၉ ရက်အထိ အာရက္ခတပ်တော် (AA) ဟာ စစ်တွေမြို့နယ်က  စစ်ကောင်စီရဲ့ ကြည်းတပ်နဲ့ ရေတပ်စခန်းတွေကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီက တိုက်ခိုက်ရေးသင်္ဘော ၄ စီး ထပ်မံပို့ဆောင်ပြီး အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။ 

“စစ်တွေမှာက ထိတွေ့တိုက်ပွဲစပြီလို့ ပြောလို့ရပါတယ်၊ အခုက ရေတပ်အင်အားဖြည့်တာ… စစ်တွေမှာက မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့က စုလာသမျှ အဖွဲ့တွေ အားလုံးက စစ်တွေ တပ်နယ်ထဲမှာ ရောက်နေတာ.. အဲ့တော့ အထူးတလည် မြေပြင်ကနေ စစ်ကူပေးနိုင်မှာ မဟုတ်တော့ဘူး၊ အဲဒီအဖွဲ့တွေနဲ့ပဲ ခံစစ်ဆင်မယ့် သဘောပါပဲ” လို့ CDM  ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

ဒါပေမယ့် စစ်တွေတပ်နယ်ထဲမှာ ရှိနေတဲ့ စစ်ကောင်စီ အဖွဲ့စုံဟာ လက်နက်ချထွက်ပြေးလာတဲ့ အဖွဲ့တွေ ဖြစ်တာကြောင့် အခုတစ်ခါ ထပ်မံ ထွက်ပြေးရင်တော့ ကုလားတန်မြစ်ဝကနေတဆင့် ဘင်္ဂလားပင်လယ်အော်ထဲကို ထွက်ပြေးဖို့ တစ်လမ်းပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ 

AA တပ်ဖွဲ့တွေဟာ စစ်တွေမြို့ကို ဖိဖိစီးစီးတိုက်ရင် ခံစစ်ကြောင်းက ခဏလေးအတွင်း ပြိုဆင်းသွားမှာ ဖြစ်တာကြောင့် AA ကနေလည်း တိုက်ပွဲမစခင်မှာ ကြိုပြီးလက်နက်ချဖို့နဲ့ လက်နက်ချသူတွေဟာ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်ရမှာဖြစ်ကြောင်း၊ ရှင်သန်ခွင့်ရမှာဖြစ်ကြောင်း ကြေညာထားတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။  

ဒါ့အပြင် စစ်တွေမြို့ဟာ မြို့အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိဘဲ စစ်တွေနဲ့ အမြင့်ကျွန်းကြားက ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာသာ စစ်ကောင်စီတပ်တွေရှိသာကြောင့် စစ်တွေ တိုက်ပွဲဟာ မြို့ကို အထိအခိုက်နည်းမယ့် တိုက်ပွဲဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။ 

“မြို့တွင်းမှာက ရဲစခန်းလောက်ပဲရှိတာ၊ အဲ့ဒါကြောင့် စစ်တွေ မြို့ထဲကို ဝင်ပြီးတိုက်မှာတော့ မဟုတ်ဘူး၊ မြို့ပြင်မှာ ရှိတဲ့ ဒကစနဲ့ နပခ အပါအဝင်ပေါ့နော် အဲ့တပ်တွေအားလုံးက မြို့အပြင်မှာချည်းပဲ၊ အဲ့တော့ မြို့ထဲမှာ တိုက်ပွဲပြင်းထန်လာနိုင်တာ မရှိပါဘူး၊ မြို့နာတာ အနည်းဆုံးဖြစ်တဲ့ တိုက်ပွဲ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မှာ  မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် အမ်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ဂွ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တော စတဲ့ မြို့တွေကို အပြည့်အဝ သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့သာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီက အရပ်သား ၃ယောက်ကို ဖမ်းဆီးသတ်ဖြတ် အမှုဆင်ကာ နေအိမ်တွေပါမီးရှို့ခဲ့

"မနေ့က မနက်၇နာရီလောက်မှာ မြင်းခြံနယ်၊ ဖုံရွာကိုဝင်ပြီး ဒေသခံပြည်သူတွေကိုဖမ်းပြီး ပစ်သတ်သွားပါတယ်။ သေတဲ့သူတွေထဲ ၂ယောက်က ညီအစ်ကိုအရင်းပါ။ ရွာထဲ PDF ရှိတယ်ဆိုပြီး ဒလန်သတင်းပေးတော့ ဝင်ရှာတာမတွေ့တာနဲ့ ရှိတဲ့သူကို ဖမ်းပြီး လုပ်သွားတာပဲ။ အိမ်တွေလည်းမီးရှို့ခံလိုက်ရတယ်" လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ပေါင်းတည်၊ ပန်းသင်းရွာက ပျူစောထီးကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဘေးကူညီချင်တဲ့ သန့်ဇင်ရဲ့ဆန္ဒကို ဂျပန်ဖိုက်တာ တာကဲရု ဖြည့်ဆည်းပေးမယ်

ရိုးရာဖိုက်တာ သန့်ဇင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဂျပန်ဖိုက်တာ တာကဲရုက မြန်မာပြည်ရေဘေးအတွက် အလှူငွေ လှူဒါန်းသွားမယ်လို့ Bangkok Post မှာ ရေးသားဖော်ပြလာပါတယ်။
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

အထက်မင်းလှအရှေ့ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။