မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် သူတစ်ပါးရဲ့ လက်အောက်ခံနိုင်ငံ မဖြစ်ဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မြန်မာ့ပြည်တွင်းရေး ပြဿနာများကို ဖြေရှင်းရာမှာ  ပြည်ပနိုင်ငံအချို့က ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေအထိ ဖန်တီးနေတယ်လို့ မင်းအောင်လှိုင် ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တိုင်းပြည်စည်းလုံးမှုပြိုကွဲပါက အင်အားချည့်နဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့များ ပါဝင်ပတ်သက်ဝင်ရောက်စွက်ဖက်လာနိုင်သည်ကို သတိပြုကြရမယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။

” စည်းလုံးညီညွတ်မှုမရှိရင် နိုင်ငံဟာ ရေနစ်ဆားလို ပျက်စီးပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ဆောင်ရွက်ရပါမယ်”လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရတဲ့ စစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားကို ဩဇာခံပြီး ၎င်းတို့ရဲ့ အကူအညီအချို့နဲ့ ပြန်လည်ရှေ့ဆက်နေရစဉ် မင်းအောင်လှိုင်က သူတစ်ပါးရဲ့ လက်အောက်ခံ နိုင်ငံမဖြစ်ဖို့အရေးကြီးတယ်လို့ ဆိုလိုက်တာပါ။

တိုက်ပွဲများတွင် စစ်ရေးအရ ရှုံးနိမ့်မှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီခေါင်းဆောင်က မကြာခဏ သူ့ရဲ့ မိန့်ခွန်းတွေက အနောက်အုပ်စုနိုင်ငံတွေကို ရည်ညွှန်းပြီး   ပြည်ပနိုင်ငံများအပေါ် ဝေဖန်ပြောဆိုလေ့ရှိတာပါ။

တရုတ်နိုင်ငံရဲ့ ဝင်ရောက်ဖိအားပေးမှုတချို့ကြောင့် ရှမ်းမြောက်မှာ တိုက်ပွဲတွေပြန်လည်ငြိမ်သက်ခဲ့ရပြီး စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ဟာ တရုတ်ကြောင့် အနည်းငယ် ပြန်လည်ရပ်တည်ခွင့်ရလာခြင်းကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မင်းအောင်လှိုင် ကတိုင်းရင်းသားများအကြား နားလည်မှုလွဲမှားခြင်းများ ၊ ပဋိပက္ခများရှိပါက  နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်လို့ အရပ်သား အစိုးရကို ဖမ်းဆီးအာဏာလုယူခဲ့တဲ့ မင်းအောင်လှိုင်က ထပ်ဖန်တလဲလဲဆိုပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တွေထံ နယ်မြေတွေဆက်တိုက်လက်လွှတ်နေရမှုအပေါ် ၎င်းရဲ့စစ်တပ်ရဲ့ အရည်အချင်းညံ့ဖျင်းမှုကို ဝန်မခံဘဲ ပြည်ပနိုင်ငံတွေက တော်လှန်ရေးအင်အားစုတွေကို ကူညီနေမှုကြောင့်လို့လည်း သူ့ရဲ့ မိန့်ခွန်းမှာ မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိပါတယ်။

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုများ ရှိနေသည့် မန္တ​လေးတွင် “အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း” စာသားချိတ်ဆွဲ ဆန္ဒပြ

စစ်မှုထမ်းဥပဒေအတွက် ပေါ်တာဆွဲ မဲနှိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မန္တလေးမြို့မှာ "အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း" ဆိုတဲ့ စာတန်းကို ချိတ်ဆွဲရင်း ပြည်သူတွေအကြောက်တရားမရှိစေဖို့ နှိုးဆော်သတိပေးခဲ့တယ်လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်က ပြန်ရောက်ပြီး ရက်ပိုင်းအတွင်း နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ လက်မခံ၊ အတုအယောင် ရွေးကောက်ပွဲအတွက် ဝိုင်းဝန်းကူညီသူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထား

လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကပါ လက်မခံ ဆန့်ကျင်ကြောင်း အသီးသီး စာတွေ ထုတ်ပြန်နေကြပါတယ်။ 
Read More

ကရင်နီတွင် အကျဉ်းသား ၈၀ ခန့် ထောင်ဖောက် ထွက်ပြေး

ကရင်နီပြည်နယ်အတွင်းက အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ၈၀ နီးပါးလောက်ဟာ ထောင်ဖောက်ပြီး လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။