မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၉ရက်နေ့က ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ကျောက်လုံးရွာအနီးမှာ ထိတွေ့တိုက်ပွဲစဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ တော်လှန်ရေးရဲဘော် ၁ ယောက်က မောင်းကိုပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ ပါဝင်ခဲ့ကြပြီး ၁ယောက်သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာပဲ မြိုင်မြို့နယ် ဝါးရင်းချိုင်ရွာအနီး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၅ယောက်သေကာ ၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Myaing Supporting Battalion ၏ မှတ်တမ်းရုပ်သံမှ)

ဒီတိုက်ခိုက်မှုတွေကို Myaing Supporting Battalion (MSB) ရဲ့ ထောက်ပို့ခံတပ်ရင်းတွေဖြစ်ကြတဲ့ ပခုက္ကူခရိုင် ( အမှတ် ၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇ ) တပ်ရင်းတွေနဲ့အတူ မဟာမိတ်တပ်ရင်းတွေ ၊ LPDF တွေနဲ့ ဒေသခံ ပ.က.ဖ တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃ရက်နေ့ကစပြီး မြိုင်မြို့နယ်အနောက်တောင်ပိုင်းနဲ့ ပေါက်မြို့နယ်အရှေ့မြောက်ဘက်ကို ပခုက္ကူတပ်မ ၁၀၁ အခြေစိုက် စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ ပျူစောထီး၊ ရဲတွေက စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။

“စစ်အုပ်စုတွေက မြိုင်နဲ့ ပေါက်ကို စစ်ကြောင်း၂ခု ခွဲပြီး ဝင်လာတာပါ။ ပခုက္ကူ၊ အင်ပင်ရွာဘက်ကနေ ကားတန်းနဲ့လာတဲ့စစ်ကြောင်းက မြိုင်ကို တန်းမဝင်ခင် ရေလာလေးရွာဘက်က ပျူတွေကို ဝင်ခေါ်လာပါတယ်။ ကမ္မ၊ ရေလာလေးဘက်ကလာတဲ့ စစ်ကြောင်းကတော့ တော်လှန်ရေးတပ်တွေကိုရှောင်ကွင်းပြီး မြိုင်ထဲဝင်ခဲ့တယ်လို့ ပြောရမယ်။ ကားတန်းနဲ့လာတဲ့ စစ်အုပ်စုတွေထဲမှာ ပခုက္ကူဘက်က ပျူတချို့ရယ် ရဲတွေရယ်အပြင် စစ်မှုထမ်းအသစ်တွေလည်း အများဆုံးပါလာတယ်” လို့ တော်လှန်ရေးသတင်းရင်းမြစ်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

ပဲခူးရိုးမပေါ် စစ်ကြောင်းတက်လာသည့် အကြမ်းဖက်စစ်ကားကို ကြားဖြတ်ခုခံတိုက်ခိုက်၊ ၄ ဦး သေပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာကာ ဖရိုဖရဲ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရိုးမပေါ် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ယောက်သေဆုံးကာ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုထံက သိရပါတယ်။
Read More

MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲ

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ ၂၀၂၄ ခုနှစ် အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင် အတော်များများ အရေပြားရောဂါနှင့် ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ က ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်တော်များများဟာ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘီးလင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။