ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွေတဂူကျေးရွာအနီးက ရွေတဂူဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF တပ်သား ၃ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ KNDA တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

ရွေတဂူဘုရားကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့ကို ဇန်နဝါရီ (၉) ရက်မှာ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၃)က ရဲဘော် ၂ ယောက် အသက်ပေးလှူခဲ့ရသလို အကြမ်းဖက်စစ်တပ်ရဲ့ မိုးဗြဲမြို့ ထိုးစစ်ကို ခုခံကာကွယ်ရင်း ဖေဖော်ဝါရီလ (၈)ရက်မှာ စစ်ကောင်စီတပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပါသေးတယ်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ရဲဘော် ၃ ယောက်ဟာ အစွမ်းကုန်တိုက်ခိုက်ရင်း အသက်ပေးလှူသွားတဲ့အပေါ် ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းကြေကွဲရပြီး ကျဆုံးရဲဘော်တို့ကို အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုကြောင်း KNDF တပ်ရင်းအမှတ်(၃) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ပေါင်းတည်မြို့နယ်တွင် စစ်အုပ်စုက နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ရွာသား ၂၀ ခန့်ကို ဖမ်းဆီးသွား

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
Read More

လေယာဥ် ဗုံးသီးတွေထုတ်လုပ်ရာ ကပစ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်၊ အရာရှိစစ်သည် ၉ယောက်သေပြီး ဗုံးသီးထုတ် ဂိုဒေါင်တွေ ထိခိုက်ပျက်စီး

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အား​စုတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဥ်ဗုံးသီးတွေ အချောသတ်ထုတ်လုပ်ရာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီ အရာရှိစစ်သည် ၉ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ပင်သာရွာက ဒေသခံ ၃ယောက် လယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရပြီး ၁ ယောက် သေဆုံး

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Read More

မုံရွာ – အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ - အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။