ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာ လူကုန်ကူးခံရသူ ၂၆၁ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကနေ ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ 

အဆိုပါ နိုင်ငံခြားသား ၂၆၁ ယောက်ကို ဒီနေ့ နေ့လည်ပိုင်းမှာ DKBA က ထိုင်းအစိုးရထံ ဖုတ်ဖရမြို့နယ်စပ်မှာ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဲဒီလူတွေကို ထိုင်းစစ်တပ်ကနေ ကား ၁၈ စီးနဲ့ သယ်ဆောင်သွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။ 

ကျားဖြန့်လုပ်ငန်းကနေ ပြန်လည်လွတ်မြောက်လာသူ ၂၆၁ ယောက်ထဲမှာ  ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ နီပေါ၊ ကင်ညာ၊ လာအို၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ တန်ဇန်းနီးယား၊ သီရိလင်္ကာ၊ ယူဂန်ဒါ၊ ထိုင်ဝမ် စတဲ့ နိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

DKBA  တပ်ဖွဲ့ဟာ သူတို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူနယ်စပ်မြို့မှာ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်တွေအားလုံးကိုလည်း အခု ဖေဖော်ဝါရီလကုန်မှာ မြို့ထဲကနေ ထွက်ခွာပေးဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ထိုင်းအစိုးရဟာ ကျားဖြန့်လုပ်ငန်းတွေရှိရာ ရွှေကုက္ကိုလ်မြို့ကို အဓိက ချုပ်ကိုင်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူနဲ့ အပေါင်းအပါတွေကိုလည်း ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ AEC News၊ K.N.M)

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ချင်းညီနောင် ခေါင်းဆောင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ကို ချင်းညီနောင်ခေါင်းဆောင်တွေ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ကန့်ဘလူခရိုင် ပအဖ တာဝန်ရှိသူတွေက ခရိုင်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ခရိုင် ပအဖအတွင်းရေးမှူး၊ မြို့နယ်ပအဖအတွင်းရေးမှူး၊ မြို့နယ်လူ့အခွင့်ရေးတာဝန်ခံ၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး၊ တိုက်နယ်လူသားစာနာတာဝန်ခံတို့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေနဲ့အတူ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက် မနေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းရှာရန်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

Air Cargo ဖြင့် ကုန်စည်တင်သွင်းမှု စစ်ကော်မရှင် တင်းကြပ်ထားတာကြောင့် လုပ်ငန်းတချို့ ယာယီရပ်နားရ

အာဏာသိမ်း စစ်ကော်မရှင်ဟာ နယ်စပ်နဲ့ ရေကြောင်းကနေ ကုန်စည်တင်သွင်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီးနောက် လေကြောင်းကနေ ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လာပါတယ်။