စစ်ကောင်စီမှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေမှုကို မင်းအောင်လှိုင်က ၀န်ခံပြောဆိုလိုက်ပြီး ပြည်ပရောက် မြန်မာတွေထံက နိုင်ငံခြားငွေမရရှိခြင်းက အဓိက ကျနေတယ်လို့ ပြောဆိုပြန်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြည်ပရောက် မြန်မာတွေထံက ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးဟာ ရသင့်သလောက် မရရှိဘူးလို့ နေပြည်တော်မှာ စစ်ကောင်စီခန့် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။

အရင် အရပ်သားအစိုးရလက်ထက် ၂ ဆက်လို နိုင်ငံခြားချေးငွေမရသလို နိုင်ငံခြားကုန်သွယ်မှု၊ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်သူတွေနဲ့ CMP လုပ်ငန်းတွေကနေ နိုင်ငံခြားငွေ ရသင့်သလောက် မရဘူးလို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေကိုတော့ မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုသွားခြင်း မရှိပါဘူး။

အရင်အစိုးရလက်ထက်မှာ နိုင်ငံခြားငွေတွေကို အခြားပြည်ပချေးငွေတွေ၊ ထောက်ပံ့ငွေတွေနဲ့ Non Trade ကနေ ရရှိတဲ့ ငွေတွေနဲ့ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြကြောင်း မင်းအောင်လှိုင်က ရည်ညွှန်းပြောဆိုပါတယ်။

စစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားချေးငွေတွေ မရရှိတော့သလို  CMP လုပ်ငန်းတွေကနေလည်း နိုင်ငံခြားငွေ ရရှိဖို့ လိုအပ်တယ်လို့ဆိုပြီး  ပြည်ပကိုသွားရောက် အလုပ်လုပ်သူတွေထံက နိုင်ငံခြားငွေရရှိဖို့ လိုအပ်နေပေမယ့် လက်ရှိအချိန်ထိ ရသင့်သလောက် မရရှိသည်ကို တွေ့ရကြောင်း မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်ရှိမှာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ဝင်ငွေထဲက အချို့ကို မဖြစ်မနေပြန်လည်ပေးပို့ဖို့ အမိန့်သတ်မှတ်ထားပြီး အလုပ်အကိုင်အေဂျင်စီအချို့နဲ့ ပေါင်းကာ နိုင်ငံခြားငွေရရှိဖို့ ဖိအားပေးလုပ်ဆောင်မှုတွေလည်း  ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မွန်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်က အရပ်သား ၈ ဦးကို သတ်ဖြတ်ခဲ့

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ရှစ်ဦးအထိ သေဆုံးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိပါတယ်။
Read More

စစ်ကောင်စီစိုးမိုးထားတဲ့ ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းမှာ ပျုစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ယောက် သေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ စိုးမိုးထားတဲ့ ကျွန်းလှ- ကန့်ဘလူ လမ်းပိုင်းမှာ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ယောက်သေကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
Read More

ရေတာရှည်မြို့မရဲစခန်းကို 79 ထောက်ပြောင်း 40mm (ရှော့တိုက်ဒုံး) ၁၄ လုံး ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှု ပြင်းထန်နိုင်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ပစ်မှတ်ကိုကျရောက်တာကြောင့် ထိခိုက်မှုပြင်းထန်နိုင်ကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မကွေးတိုင်းအတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၁၅၄ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

မကွေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ၇ လခွဲခန့်ကာလမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၁၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။