မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက်ဟာ G3 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံ အတောင့် ၁၂၀ တို့ကို ယူကာ ဇန်နဝါရီလအတွင်း KPLA -B 9425 ဆီ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းချိန်ကစလို့ ပြည်သူတွေ ရိုက်နှက်၊ ပစ်ခတ်၊ မတရားဖမ်းဆီးတာတွေကို အကြိမ်ကြိမ် မြင်တွေ့နေရတဲ့အတွက် မခံမရပ်နိုင်လို့ တော်လှန်ရေးအဖွဲ့ဆီ ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ဒုတပ်ကြပ်ကို ငွေကျပ် သိန်း ၂၀ ချီးမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အရာရှိ၊ တပ်သားတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီ ဘက်ပြောင်းခိုလှုံဖို့ KPLA – 9425 တပ်ရင်းက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လျှပ်စစ်မီးကို ရန်ကုန်မှာ ၄ နာရီလာ ၈ နာရီပြတ်စနစ်နှင့်အတူ နေပြည်တော်မှာလည်း တစ်ရက် ၆ နာရီ မီးပြတ်မည်

ရန်ကုန်မှာ လျှပ်စစ်မီးအလှည့်ကျပေးမှုကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ကျင့်သုံးမှုနဲ့အတူ စစ်ကောင်စီအဓိက အခြေစိုက်တဲ့ နေပြည်တော်မှာလည်း တစ်ရက်ကို ၆နာရီလောက်အထိ လျှပ်စစ်မီးပြတ်တောက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း ၃ ခု ခွဲဝင်ရောက်ရင်း လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မှော်ဘီတွင် စစ်ကောင်စီ လေတပ်အသိုင်းအဝိုင်းပိုင်သည့် ဆိုင်ခန်းများ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီ လေတပ်နှင့် ပတ်သက်သူများကို တိုက်ခိုက်မည်ဟု Yangon Army အသိပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ အကြမ်းဖက်လေတပ်နဲ့ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ(၂) ယောက် သေပြီး (၅) ယောက်ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ရှားလွင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ(၂) ယောက် သေပြီး (၅) ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်အုပ်စု မူးယစ်ဆေးသမားများကို ပိုက်ဆံပေးပြီး မြို့ပေါ် မိုင်းခွဲခိုင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အသီးသီး၊ နေရာအသီးသီးမှာ ထိခိုက်သေဆုံးမှုတွေ များလာတာကြောင့် မူးယစ်ဆေးသမားတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်မှာ မိုင်းခွဲခိုင်းတာမျိုးတွေ လုပ်လာတယ်လို့ ဖားကန့်မြို့ခံတချို့က ပြောပါတယ်။
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။