စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက YAK-130 ၊ MIG-29 ဂျက်ဖိုက်တာ ၂ စီးနဲ့ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာဝန်းကျင် ချင်းတွင်းမြစ်ကမ်းဘေးကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၂ စီးဟာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ခန့် ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦးသိရကာ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းဆဲဖြစ်တယ်လို့ ကနီ ပကဖ က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဖေဖော်ဝါရီလအတွင်း ကနီမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက် (၄) ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်မှာ ထောက်ကြံကုန်း-အိုင်သားအနီး တစ်ကြိမ်၊ ဖေဖော်ဝါရီ ၇ ရက်မှာ ဆူးလေကုန်းကျေးရွာကို စက်တပ်လေထီး (၂)စီးနဲ့တစ်ကြိမ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ နတ်လာပို့(မြောက်)ကျေးရွာကို စက်တပ်လေထီးနဲ့ တစ်ကြိမ်၊ ဒီနေ့ တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်တွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိရှိဖို့နဲ့ အိမ်ထောင်စုတိုင်း ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားဖို့ ကနီမြို့နယ် ပကဖ က အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

PDF ဆိုပြီး စစ်ကောင်စီတပ်တွေက ရွှေတောင်မြို့နယ်က ဒေသခံ ပြည်သူတစ်ယောက်ကို ဖမ်းဆီး…

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းအုပ်စု၊ ယင်းမှုကုန်းရွာ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၁ ယောက်ကို PDF ဆိုပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဦးဆောင်ကာ စစ်သား ၈ ယောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူတွင် ကပစ ကိုလာသည့် စစ်ကားများကို စောင့်ကြိုတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံး

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၁ ကို လာတဲ့ စစ်ကောင်စီကားတွေကို စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၁) - Caf SpuPDF က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို EU ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ထပ်မံသက်တမ်းတိုး

အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်သူ ၁၀၆ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ သက်တမ်းတိုးကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရင်း ငလျင်ကြောင့် ပြိုကျ ပိတ်မိနေသည့် ကလေးမလေး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ရရှာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။