ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်ကစလို့ ရက္ခိုင့်တပ်တော် AA က မိုင်းရှင်းလင်းရေး လုပ်ဆောင်နေတာဖြစ်ပြီး လူနေအိမ်ဝန်းတွေနဲ့ လမ်းဘေးဝဲယာတွေကနေ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းအလုံးရေ ၃၀ ကျော် ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ လူနေအိမ်တွေကို ခံတပ်စခန်းအဖြစ် အသုံးပြုကာ မြေမြှုပ်မိုင်း ရာနဲ့ချီ ထောင်ထားခဲ့သလို လက်ပစ်ဗုံးတွေကိုပါ ကြိုးနဲ့ဆွဲပြီး ထောင်ချောက်ဆင်ထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

AA အနေနဲ့ သိမ်းပိုက်ရရှိထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ မိုင်းနဲ့ စစ်ကျန်လက်နက်ဆိုင်ရာ ပညာပေးဟောပြောပွဲတွေ၊ သတိပေးဆိုင်းဘုတ် ထောင်တာတွေနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ  Arakan Princess Media)

0 Shares:
You May Also Like
Read More

အင်းတော် ဓားပြမှုအတွင်း အိမ်ရှင်လင်မယား အသတ်ခံခဲ့ရပေမယ့် မိန်းမဖြစ်သူ အသက်ရှင်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာအုပ်စု၊ အောင်လယ်ပြင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အိမ်ပိုင်ရှင်က ဓားပြတွေရဲ့ ရုပ်ကို မှတ်မိသွားတာကြောင့် အစအနဖျောက်တဲ့အနေနဲ့ လင်မယား နှစ်ယောက်လုံးကို သတ်ခဲ့ပေမယ့် မိန်းမဖြစ်သူ အသက်ရှင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ညောင်ဖြူပင်ရဲစခန်းကို ပို့မယ့် စစ်ကောင်စီတပ်ရဲ့ ရိက္ခာထုပ်တွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းဆီ ပို့မယ့် စစ်ကောင်စီရဲ့ ရိက္ခာထုပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDF က ထုတ်ပြန်ထားပါတယ်။
Read More

လက်ပန်လှရွာ ရဲစခန်းကို စစ်တပ်ဗုံးကြဲမှုကြောင့် အကျဥ်းသားနှင့် သံသယတရားခံ ၂၂ ဦး သေဆုံးပြီး အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရ၊ ရွှေပန်းတောရွာတွင်လည်း ၂ ဦး အသက်ဆုံးရှုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနဲ့ ရွှေပန်းတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့

နေပြည်တော် MICC2 မှာပြုလုပ်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရှားထူးဝေါ်အဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။