စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ 

Interra Resources ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့  ဆက်နွယ်မှုတွေကို သိရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်း စတင်ကာ စတော့အိတ်ချိန်းကနေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ 

စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ Interra Resources က ကြံရာပါ ပတ်သက်နေမှုဟုဆိုကာ Justice For Myanmar ကလည်း အပိုင်း (၅)ပိုင်းပါဝင်တဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

Justice For Myanmar အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ ဖော်ထုတ်မှုတွေကြောင့် စင်ကာပူကုမ္ပဏီကို စတော့အိတ်ချိန်းကနေ အခုလို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ Justice for Myanmar)

စင်ကာပူ စတော့အိတ်ချိန်း SGX ရဲ့ စုံစမ်းမေးမြန်းမှုတွေကို လတ်တလော ပြန်ဖြေဖို့လုပ်ဆောင်နေပြီး စုံစမ်းမေးမြန်းထားမှုတွေ ရှင်းလင်းပြီးချိန်မှာ လုပ်ငန်းရပ်ဆိုင်းမှုကို ရုတ်သိမ်းဖို့ ပြန်လည်တောင်းဆိုမယ်လို့ Interra Resources ကလည်း ပြန်လည် ထုတ်ပြန်ပါတယ်။

စင်ကာပူကုမ္ပဏီ Interra Resources က မြန်မာစစ်အုပ်စုထံ ဒေါ်လာ သန်း ၁၅၀ ဖိုး ရေနံတွေရောင်းချခဲ့ပြီး အဆိုပါရောင်းချမှုမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် လောင်စာဖြည့်တင်းမှု ချက်ချင်းရပ်တန့် ဖို့  Justice For Myanmar ကတောင်းဆိုခဲ့ပါတယ်။

Interra Resources ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ နှစ်ကုန်အတွင်း စစ်ကောင်စီရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ထံ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်း ထောက်ပံ့ခဲ့တဲ့ Glodpetrol Joint Operating Company Inc. ကုမ္ပဏီရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

စတော့အိတ်ချိန်းထုတ်ပြန်ချက်တွေ၊ ပေါက်ကြားလာတဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာတွေကို  JFM နဲ့ ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့ လေ့လာချက်အရ အာဏာသိမ်းမှုဖြစ်ပြီး သုံးနှစ်အတွင်း Interra Resources ဟာ မြန်မာပြည်တွင်းလုပ်ငန်းတွေထံက ဒေါ်လာ ၅၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း JFM က ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Justice for Myanmar)
0 Shares:
You May Also Like
Read More

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သရက်ချောင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ T 5 Wings က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

မြောက်ခင်ရန်း ပျူရွာကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၂၀နီးပါး ထိခိုက်သေဆုံး

"ပစ်တဲ့ လက်နက်ကြီးကတော့ ကျနော်တို့ နာမည်တော့ မပေးထားပါဘူး။ ကျနော်တို့ကိုယ်တိုင် ထုတ်လုပ်ထားတာပါ။ လက်လုပ်လို့ပဲ ပြောရမှာပေါ့။ ၇လုံးပစ်တာမှာ ၅လုံးကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပေမယ့် ၂လုံးကတော့ အလွဲအချော်ဖြစ်ခဲ့ပါတယ်။" လို့ Ah Nyar Heroes အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြိုင်က စစ်ရှောင်တဲများနှင့် ရိတ်သိမ်းသီးနှံများကို စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်း ကင်းကျေးရွာမှာ စစ်ရှောင်နေရပ်စွန့်ခွာတွေ နေထိုင်တဲ့ တောတိုက်စစ်ရှောင်တဲ ၈လုံးကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းထံက သိရပါတယ်။ ကင်းကျေးရွာဟာ ပခုက္ကူတပ်မ (၁၀၁) နဲ့ နီးကပ်စွာတည်ရှိနေတဲ့ ကျေးရွာဖြစ်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်လောက်ကတည်းက ရွာခံတွေဟာ နေရပ်စွန့်ခွာပြီး တောတိုက်၊ ယာတောတွေထဲမှာ ရွာလုံးကျွတ် စစ်ရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။