မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အာဏာရှင်အဆက်ဆက်၊ မြန်မာအစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးပါတီတွေဟာ ချစ်စရာကောင်းပြီး မတူကွဲပြားတဲ့ လူမျိုးစုတွေကို နိုင်ငံအဝန်းအဝိုင်းမှာ နိုင်ငံရေးအခွင့်အရေးတွေ သာတူညီမျှပြီး လွတ်လပ်စွာ ခံစားစေဖို့ မလုပ်ဆောင်နိုင်ခဲ့ဘဲ တိုင်းပြည်ကို စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုဆီသာ ဖန်တီးတွန်းပို့နေခဲ့တယ်လို့ TNLA က ဆိုပါတယ်။

လက်ရှိအချိန်ထိ ပြည်ထောင်စုနိုင်ငံအဖြစ် မတည်ဆောက်နိုင်တာဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဥ်ကျေးမှု နိမ့်ကျနေဆဲ အခြေအနေကို ညွှန်ပြနေတာဖြစ်တယ်လို့လည်း TNLA က ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း၊ လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝ ခံစားခွင့်ရသင့်ပြီဖြစ်သလို လူနည်းစု လူမျိုးတွေ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသင့်ပြီဖြစ်တယ်လို့လည်း TNLA က ဆိုပါတယ်။

ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နိုင်ငံရေးအနှစ်သာရကို လက်ရှိတော်လှန်ရေးအင်အားစုတွေ ပြည့်ပြည့်ဝဝ ကြိုးပမ်းအကောင်အထည်ဖော်သင့်ပြီလို့လည်း TNLA က တိုက်တွန်းနှိုးဆော်ထားပါတယ်။

သဝဏ်လွှာ အပြည့်အစုံ
0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် ခလရ ၅၀ အခြေစိုက် စစ်အုပ်စုများ စိုင်ဒူးရွာကို သေနတ်ဖောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရှော့တိုက်ဒုံးအပစ်ခံထားရတဲ့ ခလရ ၅၀တပ်က အကြမ်းဖက်စစ်အုပ်စုဟာ မြို့အနောက်မြောက်ဖက်ခြမ်း စိုင်ဒူးကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေက လူနေကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) က နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေကို လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ဦး မျက်မြင် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။
Read More

စစ်ကိုင်းတွင် စစ်ရေးကြောင့် ပိတ်မိနေသည့်နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း တပ်ဖွဲ့ ၅ ဖွဲ့က ရဲဘော်များပါဝင်သည့် ပခုက္ကူခရိုင်Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ဧပြီလ ၂၅ရက်က ပခုက္ကူခရိုင် Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။