မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ 

ဒါ့အပြင်တိုက်ပွဲအတွင်း TYK (သရက်ကန်)ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုမြင့်သူ(ခ) ကိုကုလားလည်း ကျဆုံးခဲ့ပြီး တခြား ရဲဘော် ၁ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၃ရက်နေ့ကစပြီး မြိုင်မြို့နယ်အနောက်တောင်ပိုင်းနဲ့ ပေါက်မြို့နယ်အရှေ့မြောက်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စ​စ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်တွေ ဇန်နဝါရီလ ၉ရက်နေ့မှာ ထိတွေ့တိုက်ပွဲ၂ကြိမ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

ဇန်နဝါရီ ၉ရက်နေ့ မနက်ပိုင်းကစပြီး ပေါက်မြို့နယ် ကုက္ကိုစု ပျူစောထီးရွာကနေ ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့​ တော်လှန်ရေးတပ်တွေ ကျောက်လုံးကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲ ၂နာရီကြာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်အတွင်း ထိတွေ့မှုထပ်​ရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ရာ တိုက်ပွဲထဲမှာ TYK ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုမြင့်သူ(ခ) ကိုကုလား ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“၉ရက်နေ့ ညနေ ၄နာရီလောက်မှာ ပေါက်မြို့နယ်၊ ကုက္ကိုလ်စု ပျူရွာကထွက်လာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့မှု စဖြစ်တယ်။ ၄နာရီလောက်ကနေ ၆နာရီအထိဖြစ်တယ်။  အဲ့ဒီနေ့ည ၁၀နာရီလောက်မှာ ထပ်ဖြစ်တယ်ပေါ့။ စစ်တပ်ဘက်က ၃ယောက်သေပြီး ၁၃ယောက်ထိခိုက်ခဲ့ပါတယ်။ ကိုမြင့်သူလည်း အဲ့ညတိုက်ပွဲမှာကျခဲ့တာပါ။” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစုနဲ့အတူ TYK (သရက်ကန်)ပြောက်ကျားတပ်ဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပကဖ၊ မြိုင် ပကဖ (တပ်ရင်း ၁)၊ ပခုက္ကူခရိုင်တပ်ရင်း ၁၊၂၊ ၇၊  စင်္ကြာတပ်ဖွဲ့ ၊ Union brother ၊ God of myaing နဲ့ နံ့သာမြေယက္ခအဖွဲ့တို့ အချိတ်ဆက်မိမိပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ဇန်နဝါရီလ ၃ရက်နေ့ကစလို့  ပခုက္ကူတပ်မ (၁၀၁) ကနေ အင်အား ၃၀၀နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်နဲ့ ပေါက်အစပ်က ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ရင်း လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို ဖျက်ဆီးတာ၊ စားနပ်ရိက္ခာခိုးယူတာတွေအပြင် လူသားဒိုင်းအဖြစ် အရပ်သားတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုက အညာမြေ တပ်ပေါင်းစု စခန်းတစ်ခုကို လည်း မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် ကျပ်သိန်း ၄၅၀နီးပါးတန်းဖိုးအထိ ဆုံးရှုံးခဲ့ရပြီး စစ်ကြောင်းက သတ်ဖြတ်ခဲ့တဲ့ မကျည်းစင်ကျေးရွာနေ ကိုဝင်းစိုးဆိုသူလည်း သေဆုံးသွားခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံကပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းကြောက်လို့ထွက်ပြေးတဲ့ အမျိုးသမီး၁ယောက်ကိုလည်း စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာ စိုးရိမ်ရကြောင်းသိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ​ပေါက်မြို့နယ်အတွင်းက မန်ကျည်းစင်နဲ့ သနပ္ပင်ဇင်း ကျေးရွာ၂ခုကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၅၀ကျော် မီး​လောင်ပျက်စီးသွားခဲ့ပါသေးတယ်။ 

လက်ရှိမှာတော့ စစ်အုပ်စုတွေဟာ မြိုင်မြို့နယ် စက်မှု (၂) အတွင်းကို ပြန်လည်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

မြိုင်နှင့်ပေါက်အစပ် တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ အညာမြေတပ်ပေါင်းစု)

0 Shares:
You May Also Like
Read More

စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှုကို သံဃာတွေ မပူးပေါင်းကြဖို့နဲ့ ကန့်ကွက်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) ဆရာတော်တွေ တိုက်တွန်း

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ သန်းခေါင်စာရင်း ကောက်ယူနေမှုမှာ သံဃာတော်တွေအနေနဲ့ မပူးပေါင်းကြဖို့ မန္တလေးမြို့ သံဃသမဂ္ဂ ဆရာတော်တွေက တိုက်တွန်းလိုက်ပါတယ်။
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

ရွေးကောက်ပွဲနိုင်ခြေရှိသော ကိုယ်စားလှယ်လောင်းအချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကော် ပယ်ဖျက်နေ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ကြံ့ခိုင်ရေးပါတီကိုနိုင်ပြီး အမတ်ဖြစ်လာနိုင်သူတချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ပြီး၊ အနိုင်ရချေရှိနေတဲ့ ဦးတင်ထူးအောင်ကို စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။
Read More

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေကို KNDF တပ်ရင်း ၅ က ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B - 05 (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၅) က ရဲဘော်တွေက Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကင်းနယ်က နှစ်ရှည်စစ်ဘေးရှောင်နေကြရသူတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ထဲမှာ နှစ်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။