စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးရွာကနေ အငတ်ဘေးကြုံလို့ ထွက်ပြေးလာတဲ့ ပြည်သူ ၇ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေ ကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်မှာ တည်သီးတော ပျူစောထီးကျေးရွာက ထွက်လာတဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေအပါ အရပ်သား ၇ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အရပ်သား ၇ ယောက်က ထမင်းမစားရဘဲ ပဲပြုတ်စားနေရတာ ရက် ၂၀ ခန့်ရှိပြီဖြစ်ပြီး အငတ်ဘေးကြုံကာ ဒုက္ခရောက်နေ​တာကြောင့် ထွက်လာတာဖြစ်သလို လက်နတ်ကိုင် ပျူစောထီးတွေလည်း ရိက္ခာပြတ်လပ်ပြီး ငတ်ပြတ်နေတယ်လို့ သိရပါတယ်။

တည်သီးတော ပျူစောထီးကျေးရွာက ပြည်သူတွေအနေနဲ့ ထပ်မံ ထွက်ပြေးချင်ရင် ချိတ်ဆက်ဆောင်ရွက်ကာ ကယ်ထုတ်ပေးမှာဖြစ်ပြီး လက်နတ်ကိုင်ဆောင်ထားတဲ့ ပျူစောထီးတွေ အလင်းဝင်ချင်ရင်လည်း ချိတ်ဆက်ဆောင်ရွက်ကာ ကယ်ထုတ်ပေးမယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် လက်နက်ယူဆောင်လာရင်လည်း ထိုက်သင့်တဲ့ ဆုငွေတွေလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

အဲ့ဒီထွက်ပြေးလာသူတွေကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က သွားရောက် ကူညီကယ်ထုတ်ကာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လူစားထိုး စစ်မှုထမ်းရသူ ၄ ဦး နမခ မှ မုံရွာပကဖဆီ ထွက်ပြေးအလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ လက်နက်တွေနဲ့ ထွက်ပြေးလာတဲ့ အဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးမြို့နယ်က စစ်ရှောင်ပြည်သူတွေကို PDF အမှတ် ၁၂၂၂ တပ်ရင်းက စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျွန်းထဲကျေးရွာ (၄) ရွာက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRI ဗျူဟာ) - အမှတ် ၁၂၂၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာမှာ PNO ပြည်သူ့စစ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းက ကြွယ်ပုံ ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF LOCAL PDF က ထုတ်ပြန်ထားပါတယ်။