ရှမ်းပြည်နယ်၊ သီပေါမြို့အဝင် မုခ်ဦးက ရှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်ကို တအာင်းတပ် (TNLA) က ပလောင်လူမျိုးအမှတ်သရုပ် ပြောင်းလဲလိုက်တဲ့အပေါ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ထုတ်ပြန်လာပါတယ်။ 

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး TNLA ဟာ သီပေါမြို့အဝင်မုခ်ဦးမှာ ရေးဆွဲထုဆစ် ထားတဲ့ ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်နဲ့ အစားထိုးပြောင်းလဲ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်တုန်းကလည်း မူဆယ်မြို့နယ်၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့ရဲ့ အထွဋ်အမြတ် အခေါင်အချုပ် ဖြစ်တဲ့ စဝ်ဆေခန်ဖ၊ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

ဒါပေမယ့် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားအောင် စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်း ဆွေးနွေး ဖြေရှင်းမှုကို  ရှမ်းအဖွဲ့အစည်း အသီးသီးက ဆောင်ရွက်ခဲ့တယ်လို့ ရေးသားထားပါတယ်။ 

TNLA ဟာ သီပေါမြို့အဝင်မုခ်ဦး ကိစ္စအပါအဝင် အရင်နှစ်တွေကလည်း ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသ စတဲ့ နယ်မြေဒေသတွေမှာ အလားတူကိစ္စရပ်တွေကို ပြုလုပ်ခဲ့တယ်လို့ SSJAC က ဆိုပါတယ်။ 

သီပေါမြို့အဝင် မုခ်ဦးကို ယခု မြင်တွေ့ရပုံ (ဓာတ်ပုံ – သျှမ်းသံတော်ဆင့်)

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းမှာ ဒီမိုကရေစီမဆန်စွာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုပြီး မိမိအစုအဖွဲ့လိုဘ တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်နေတာတွေဟာ ဒီမိုကရေစီ အနှစ်သာရ၊ လက်ရှိတော်လှန်ရေးရဲ့ ဦးတည်ချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲနေသလို တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူအကွယှဉ်တွဲ နေထိုင်နိုင်ရေးကို ဆန့်ကျင်နေတယ်လို့ ရေးသားထားပါတယ်။ 

ဒါကြောင့် ရှမ်းလက်နက်ကိုင်တပ်တွေနဲ့ ရှမ်းနိုင်ငံရေးပါတီတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) က TNLA ရဲ့ လုပ်ရပ်တွေကို  ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၉ ရက်မှာလည်း ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ Tai Student Union၊ SL& CC universities of Yangon၊ Kunhing Organization၊ Tai Youth Yangon-TYY နဲ့ Global Shan Network-GSN တို့က TNLA ရဲ့ အခုလို မြို့အဝင် မုခ်ဦး ပြုပြင်ပြောင်းလဲခြင်းအပေါ် အပြင်းအထန်ကန့်ကွက်ပြီး ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုစာ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တာဝန်မှ ရုတ်သိမ်းခံရခြင်းကို လူမှုကွန်ရက်တွင် သတင်းတက်လာမှ သိရပြီး ဒါဟာ တပ်တွင်း အာဏာသိမ်းမှု ဖြစ်သည်ဟု ဒေါက်တာ သီရိမွန်ချမ်း ပြော

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ MSDF ရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌဖြစ်သူ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်ကနေ ထုတ်ပယ်လိုက်ကြောင်း ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူသို့ စစ်သားများပို့သည့် ၄ စီးမြောက်ကားကို တိုက်ခိုက်ရာ ကားပေါ်ပါသည့် စစ်သား ၁၈ ဦးလုံး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ ပခုက္ကူကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ မနက် ၅ နာရီအချိန်မှာ စစ်တပ်အင်အား ၁၂၀ ခန့်ဟာ ရေစကြို ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကနေ ပခုက္ကူမြို့ကို ခြေလျင်ထွက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်ရိက္ခာပို့ဖို့ ကားငှါးရမ်းခ ကုန်ကျငွေကို ပြည်သူဆီက ကောက်ခံ

စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဆောင်ဖို့ ကုန်ကားငှါးရမ်းခဆိုပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နေ ပြည်သူတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။